တကယ်လျှောက်ကြည့်မှ
လမ်းက ကြမ်းတယ်
ပူလောင်မယ်
အပြင်းဖျားမယ်
ရေဆာမယ်ဘေဘီရေ
ပန်းတွေတော့ မဟုတ်ဘူးပေါ့
ငါ့မှာ ဖွက်ထားတဲ့သစ်သီးတွေ ရှိတယ်
မချစ်ဘူးလို့ လွယ်လွယ်မထင်နဲ့.... ။_မြကျေး
အချိန်ကာလဟာ တရွေ့ပြီး တရွေ့။ အတူရှိနေခြင်းဟာ နီးကပ်လာမှုပဲ။ ရစ်ပတ်သိုင်းခြုံထားခြင်းပဲ။ ငရဲမဟုတ်၊ နိဗ္ဗာန်မဟုတ်။ ဤသို့ ချစ်မက်တွယ်တာရခြင်းဟာ ငြိတွယ်လာခြင်းပဲ။ ဒီလူနေရာမှာ အစားထိုးလို့ မရနိုင်တဲ့ တန်ဖိုးတွေနဲ့။
လူတစ်ယောက်ကို ဘယ်လိုချစ်လဲဆို ဝမ်ရိပေါ်က သူ့အစ်ကိုကို ဘဝလို၊ အသက်လို ချစ်တာပါပဲ။ အတူရှိတဲ့နေ့တွေတိုင်းတော့ အရိပ်လို အမြဲ ဂရုစိုက်တဲ့သူ။
ရှောင်းကျန့်ရဲ့ ကျောင်း (၂)နှစ်တာ ခရီးက ခက်ခဲတယ်။ ကျောင်းစာကြောင့် မဟုတ်ဘဲ အသုံးမကျတဲ့ လူတစ်ယောက်ကြောင့်ဆိုတာ ပိုပြီး ခံပြင်းဖို့ ကောင်းတယ် မဟုတ်လား။
တရုတ်နိုင်ငံရဲ့ လူမှုပတ်ဝန်းကျင်မှာ ဂေး ဖြစ်ခြင်း မဖြစ်ခြင်းဟာ သူ့လို စကော်လာ ကျောင်းသားတစ်ယောက်အတွက်တော့ ထိခိုက်မှု ရှိတာပါပဲ။ ကျီဝမ့်ရဲ့ အပေါင်းအသင်း ဝင်ဆံ့မှုနဲ့ ငွေကြေးအင်အားကလဲ အနှောင့်အယှက် ဖြစ်စေတယ်။ အထင်မလွဲလွဲအောင် လုပ်တဲ့ အပြုအမူတွေကအစပေါ့။
ပရောဂျက်တွေမှာ အတူတူကျဖို့လုပ်တာ။
(၂)နှစ်ဆက်တိုက် အခန်းအတူတူကျဖို့ ကြိုးစားတာ။
ရင်းနှီးချင်ယောင်ဆောင်တာ၊ အရောတဝင်နေတာ။
အစစအရာရာ အကူအညီပေးတာ အားလုံးက လုပ်ယူထားတာမို့ စိတ်ပျက်စရာ အတိပါပဲ။အဆိုးဆုံးကတော့ ဝမ်ရိပေါ်ကို လာရောထွေးတာပဲ။
မသိစိတ်ရော၊ သိစိတ်ကပါ ရှောင်းကျန့်က လကုန် weekend တွေကို မျှော်လေ့ရှိတယ်။ သောကြာနေ့ ညနေမှာ သူ့ကျောင်းပေါက်ဝမှာ ခေါင်းကိုငုံ့ ကြမ်းပြင်ကို မယောင်မလည် ခြေထောက်နဲ့ ပွတ်တိုက်နေမဲ့ ကောင်ကလေးကို။
ရိပေါ်အသက် (၁၈) ပြည့်ပြီ။
ဒီတစ်ယောက်နဲ့ အတူကြီးပြင်းလာရခြင်း ရက်တွေဟာ လပ်ကီးပါပဲ။
YOU ARE READING
The Polaris (北极星 Běijíxīng ) Completed
Fanfictionဓူဝံကြယ်က အာရှာ မိုင်နာ (Ursa Minor) ကြယ်အစုအဝေးမှာ အတောက်ပဆုံးကြယ်ဖြစ်တယ်တဲ့။ ဟိုးရှေးက ခရီးသွားတွေဟာ အရပ်မျက်နှာကို သိရဖို့ ဒီကြယ်ကလေးကို ရှာရသလိုမျိုး ငါက လမ်းပျောက်တဲ့အချိန်တိုင်း မင်းကိုပဲ ရှာနေခဲ့တာ။ ပြီးတော့ မင်းဟာ ငါ့ကောင်းကင်မှာ အတောက်ပါဆုံ...