ဘာမှမသိခင်
လူတွေဟာ ပျော်နိုင်ကြတယ်ထင်ဘေဘီရေ
ဆူနာမီလာတော့
လူတွေအားလုံးကမ်းခြေမှာ .... ။_မြကျေး
လူတွေကို ရွံရှာမုန်းတီးတယ်လို့ ဟစ်အော်ပြီး ပျော်ရွှင်မှု ဒါမှမဟုတ် နေပျော်လာမှု၊ အသားကျမှုတွေ လှိမ့်ဝင်လာသမျှ လက်ခံနေလာရတာလည်း ရှောင်းကျန့်ပါပဲ။
မိသားစုအသစ်လို့ ပြောလို့ မရအောင် သူတို့ အတူရှိခဲ့တာ (၂) နှစ်ကျော်ခဲ့ပြီ။
ရှောင်းကျန့်ဟာ ၁၈ နှစ်ထဲကို ရောက်လာပြီ။ သူ့ညီလေးက ဒီ (၂)နှစ်အတွင်းမှာ အရပ်လည်း ရှည်လာခဲ့သလို ကိုယ်ခန္ဓာလည်း တော်တော်လေး ဖွံ့ဖြိုးလာခဲ့ပါတယ်။ တကယ်လို့များ ပါးဖောင်းဖောင်းကလေးများသာ မရှိရင် အရွယ်ရောက်ပြီး ယောက်ျား တစ်ယောက်လိုပါပဲ။ ဝန်ခံရရင် သူ့ မားမရှိတဲ့နောက် သူ့ဘဝထဲ တိုးဝင်လာတဲ့ ကောင်လေး၊ သူ့ အနီးဆုံးအရပ်မှာ ရှိတဲ့ကောင်လေးပါပဲ။ချစ်ခြင်းမေတ္တာက အနားမှာရှိတဲ့ လူတိုင်းကို ပွေ့ဖက်တဲ့ သဘောရှိတယ်။
သူကရော ဘာသားနဲ့ ထုထားတဲ့သူ မလို့လဲ။
မနက်ခင်း အလင်းရောင် ရလာတာနဲ့ ဒီ ညီလေးက အကောင်းဆုံးဆိုတာတွေ ယူလာတယ်။ ရိုရိုကျိုးကျိုး နာခံတတ်တယ်။
သူက မာကျောယောင်ဆောင်ထားရတဲ့ နှလုံးသားကလေး ရှိသူပါကွယ်။"ကျောင်းဖွင့်ရင် သားက အထက်တန်း နောက်ဆုံးနှစ် ရောက်နေပြီ
ပါး သားကို ပစ်ထားမိတာ များပြီလားလို့ မိသားစု ခရီးတစ်ခု စီစဉ်ရင်ကော သားဘက်က အဆင်ပြေမလား"
ဒီအိမ်က လူတွေက ရှောင်းကျန့်ဆန္ဒ သဘောထားကို အလေးထားတယ်။ ရိပေါ်ဘက်မှာလည်း အဖေတစ်ယောက် ဆုံးရှုံးထားပေမဲ့ ရိပေါ်က ကောင်းကောင်း ပျော်ဝင်လွယ်တဲ့ ကောင်လေးရယ်ပါ။
ရှောင်းကျန့် အဖေအနေနဲ့လဲ ရိပေါ်ထက်ပိုပြီး ရှောင်းကျန့်ကို ပိုစိတ်ပူတယ်။ တစ်ဖက်က သားအမိကလည်း ရှောင်းကျန့်ကို အလေးထားတဲ့အတွက် ပြဿနာ မရှိပါဘူး။ သွေးသားရင်း ပတ်သက်မှုကြောင့် စိတ်ပူတာမျိုး မဟုတ်ဘဲ အသက်ထက်အရင် အရွယ်ရောက်လွန်းတဲ့ ရှောင်းကျန့်ကို စိတ်ပူတာပါ။
YOU ARE READING
The Polaris (北极星 Běijíxīng ) Completed
Fanfictionဓူဝံကြယ်က အာရှာ မိုင်နာ (Ursa Minor) ကြယ်အစုအဝေးမှာ အတောက်ပဆုံးကြယ်ဖြစ်တယ်တဲ့။ ဟိုးရှေးက ခရီးသွားတွေဟာ အရပ်မျက်နှာကို သိရဖို့ ဒီကြယ်ကလေးကို ရှာရသလိုမျိုး ငါက လမ်းပျောက်တဲ့အချိန်တိုင်း မင်းကိုပဲ ရှာနေခဲ့တာ။ ပြီးတော့ မင်းဟာ ငါ့ကောင်းကင်မှာ အတောက်ပါဆုံ...