Part (10)

960 78 3
                                    

မျက်လုံးတွေ ပိတ်လို့မရဘူးလား
ညှိုးငယ်ခြင်းကို တားဆီးလို့မရဘူးလား
ဝင်ခွင့်ပေးလိုက်ပါ 

ဆောင်းကြမ်းတစ်ခုထက်ပိုပြီး
မင်းမှာမဟုတ်

ဘေဘီရေ
အဲ့ဒီထက်ပိုပြီး
မင်း ဘာမှမှာမဟုတ် .... ။

_မြကျေး

ဈာပနပွဲ ပြီးတာနဲ့ သူတို့အိမ်မှာ တိတ်ဆိတ်သွားတယ်။ တိတ်ဆိတ်တယ်ဆိုတာ လူ့သဘာဝမှာ မရှိပါဘူး။ တိတ်ဆိတ်တယ်ဆိုတာ ယိမ်းယိုင်ခဲ့ပြီးပြီ။ ပြိုလဲခဲ့ပြီးပြီ။ အသံထွက် နာကျင်ရန် မဖြစ်တော့ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား။ ပြီးဆုံးသွားပြီးနေ့ရယ်လို့တော့ မဟုတ်ပါဘူး။

မုန်တိုင်းပြီး ငြိမ်သက်ခြင်းတွေမှာ နောက်မုန်တိုင်းတစ်ခုအတွက် စောင့်ကြိုနေရခြင်းလို့တော့ ရိပေါ်ရော‌ ရှောင်းကျန့်ရော မတွေးမိကြဘူး။

အဲ့ဒီနေ့က
အိမ်ကြီးပေါ်ကို သူ့အမေဘက်က အဘိုးနဲ့ မိသားစုဝင်တွေ ခြေလာချတဲ့နေ့ပဲ။ သေသွားတာက အဖေပါ။ ရှောင်းကျန့်အဖေက ‌တစ်ကောင်ကြွက်သမားမို့ ရောက်လာစရာ အမျိုး မရှိခဲ့ဘူး။

မိုးလင်းက မိုးချုပ် အလုပ်တွေ ရှုပ်ကုန်တယ်။
ရှောင်းကျန့်က အဝတ်အစား သင့်တော်တာဝတ်ပြီး ကုမ္ပဏီကို လိုက်သွားတဲ့အခါ သွားတယ်။
မဟုတ်ရင်လည်း အိမ်မှာ ရှောင်းကျန့်က မိသားစုနဲ့ ဆွေးနွေးမယ်။ ရှေ့နေဟာလည်း ဝင်ချည် ထွက်ချည်ပါပဲ။

ရှောင်းကျန့်က တုန်လှုပ်တာတွေ ပေါက်ကွဲတာတွေ မလုပ်ဘူး။ အရာအားလုံးပြီးသွားတဲ့အခါမှာတော့ ရှောင်းကျန့်က ဝရန်တာ ဒါမှမဟုတ် ထပ်ခိုးမှာ ခိုအောင်းနေတတ်တော့တယ်။ ဝမ်ရိပေါ် လာပေးတဲ့ အစားအစာအချို့ကိုတောင် လက်ထဲ ထည့်ပေးတာပဲ စားတယ်။

(၁၈)နှစ်အရွယ် ရှောင်းကျန့်က ခက်ခဲပါတယ်။ တစ်ညလုံး ဖွင့်ထားတဲ့မီးက အိပ်မပျော်ဘူးဆိုတာရဲ့ သက်သေ။ လန့်နိုးတဲ့ ညတွေ၊ ပြီးတော့ ရှိုက်သံ သဲ့သဲ့တွေ။
ဒီလိုနေ့တွေကို လဝက်လောက် ကျော်ဖြတ်ကြရတယ်။

The Polaris (北极星  Běijíxīng  ) CompletedWhere stories live. Discover now