သိပ်ကျပ်တည်းလာရင်
ကမ္ဘာဟာလည်နေတာပဲလို့ ငါတွေးလိုက်တယ်
သူတို့တွေ တစ်ပတ်ပြန်လည်လာတော့လည်း
ကမ္ဘာဟာ လည်နေတုန်းပါပဲသူတို့လည်း ငါ့ကိုမသတ်နိုင်
ငါကလည်း သူတို့ကို ဦးမချိုးနိုင်ဂယ်ပေါက်လေး မတွေ့သရွေ့ပေါ့
ဘေဘီရယ်
ဘယ်လိုအကြောင်းနဲ့မှ မရပ်တန့်လိုက်ပါနဲ့ ...။_မြကျေး
ဘယ်လို ခက်ခဲ ကျပ်တည်းမှုမျိုးမှာမဆို ရှင်သန်စရာ ထွက်ပေါက်တစ်ခု ရှိနေတတ်တာပါပဲ။ လူ့ဘဝမှာ အဆုံးသတ်သွားတယ်ဆိုတာ သေဆုံးခြင်းပဲ ဖြစ်လိမ့်မယ်။ သေဖို့အတွက် ရွေးချယ်ဖို့မလွယ်ဘူးဆို လူဟာ နေရဲဖို့ ရွေးရလိမ့်မယ်။
"ကျနော် ရိပေါ်နဲ့အတူ ဒီက ထွက်သွားမှာပါ"
ရှောင်းကျန့်က ပြောပြီးတာနဲ့ ဝမ်ရိပေါ်ရဲ့ လက်ကိုဆွဲပြီး အပေါ်ကို တက်လိုက်တယ်။ ဒီရက်တွေထဲမှာ သူ အများကြီး ပင်ပန်းပြီးပြီ။ အခုတော့ သူ့မှာ လမ်းစလေး ရှိခဲ့ပြီ။ အတူလျှောက်ပေးဖို့ လက်ကလေး ရှိခဲ့ပြီ။ ရိပေါ်ကို သူ့ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝထဲ ဆွဲခေါ်ဖို့ မဟုတ်ဘူး။ သူတို့ အပြန်အလှန် အနားမှာ အတူရှိတာက ကောင်းဖို့လို့ ယုံကြည်နေလို့ရယ်ပါ။
"ကောကော ကျနော်တို့ အရင်အိမ်မှာ သွားနေရအောင်"
"အင်း"
"ကောကော ဘာမှ စိတ်ပူဖို့ မလိုပါဘူး
ကျနော် ကောကို စိတ်ချမ်းသာအောင် ထားမှာပါ""ကိုယ်မကြောက်ပါဘူး မင်း ရှိတာပဲ"
ရှောင်းကျန့်က တကယ် ပေါ့ပေါ့ပါးပါး ပြုံးပြီးပြောတယ်။
"ကိုယ်တို့မှာ အချိန်နည်းနည်းတော့ ရှိမှာပါ
မနက်ဖြန်ကို နောက်မှ တွေးပြီး အိပ်ပျော်အောင် အရင် အိပ်ကြမလား""ဟုတ်"
"မင်း အခန်း မပြန်ဘူးလား"
"ကော အိပ်ပျော်မှ"
"ကိုယ့်အခန်းထဲမှာ အိပ်ရာပြင်ပြီး အိပ်လို့ရတယ်လေ
ကိုယ် ပြင် မပေးတော့ဘူး
အိပ်ချင်နေလို့"
YOU ARE READING
The Polaris (北极星 Běijíxīng ) Completed
Fanfictionဓူဝံကြယ်က အာရှာ မိုင်နာ (Ursa Minor) ကြယ်အစုအဝေးမှာ အတောက်ပဆုံးကြယ်ဖြစ်တယ်တဲ့။ ဟိုးရှေးက ခရီးသွားတွေဟာ အရပ်မျက်နှာကို သိရဖို့ ဒီကြယ်ကလေးကို ရှာရသလိုမျိုး ငါက လမ်းပျောက်တဲ့အချိန်တိုင်း မင်းကိုပဲ ရှာနေခဲ့တာ။ ပြီးတော့ မင်းဟာ ငါ့ကောင်းကင်မှာ အတောက်ပါဆုံ...