တစ်ယောက်အတွေးထဲ တစ်ယောက်ရှိရုံနဲ့
မနီးပါဘူး ဘေဘီရယ်တစ်လမ်းထဲရှိနေလည်း
ဆန့်ကျင်ရာကို တွေးမိတတ်တာပဲအားလုံးဟာ သဘာဝကျပါတယ်
အသည်းကွဲပြတဲ့ခေတ်ဟာ
ကုန်ခဲ့ပြီပဲ ..... ။_မြကျေး
ရှောင်းကျန့်ရဲ့ American life ကတော့ ရေခြားမြေခြား အာရှ ကျောင်းသားတွေရဲ့ ပုံမှန် အတိုင်းပါပဲ။ ကျောင်းရဲ့ အဆောင်မှာ ရှောင်းကျန့်က နေရတယ်။ အခြား နိုင်ငံ အသီးသီးကနေ ကျောင်းလာတက်တဲ့သူတွေနဲ့ အတူတူပေါ့။
ရှောင်းကျန့်က ကြိုးစားတဲ့သူပဲ။ ကြိုးစားတာအပြင်လဲ သူ့မှာ လုပ်စရာ ဘာမှ ရှိမနေခဲ့ပဲ။ စားဝတ်နေရေး နေထိုင်စရိတ်အတွက် ရှောင်းကျန့်က အလုပ်လုပ်ဖို့လဲ လုပ်ရတယ်။ ကျောင်းစာတွေက ခက်ပါတယ်။ စကော်လာ ကျောင်းသားတစ်ယောက်ပေမဲ့ သူ့ရဲ့ နေထိုင်စားသောက်စရိတ်က ရှိသေးတာကိုး။
မျက်စိမှိတ်ပြီး အိပ်ဖို့အလုပ်မှာပဲ ဒီကို ရောက်မလာခင်က နေ့ရက်တွေကို သတိရမိပြန်တယ်။ ဝမ်ရိပေါ် ဝမ်ရိပေါ်ရော။ အချိန်ကာလကပဲ ခံစားရသမျှကို ကုစားသွားပါလိမ့်မယ်။ နေသားကျသွားပြီး လွမ်းဆွတ်ခြင်း မရှိတော့တာကို ပြောတာ မဟုတ်ဘူး။ လက်ခံလာနိုင်ရမဲ့ ဖြစ်ရပ်မှန်တွေအကြောင်းပေါ့။ အနည်းဆုံးတော့ သူတို့နှစ်ယောက်လုံး အမှန်တကယ် ရောက်နေတဲ့ အကွာအဝေးလေ။
__________
ရှောင်းကျန့် စာမေးပွဲဖြေတဲ့ ရက်တွေမှာတော့ ရိပေါ်က ရောက်မလာခဲ့ပါဘူး။
စာမေးပွဲ ဖြေပြီးတဲ့ နေ့မှာတော့ ဝမ်ရိပေါ်က ထုံးစံအတိုင်း ကျောင်းရှေ့မှာ စောင့်နေခဲ့တယ်။ အထုပ်အပိုးတွေ သယ်ဖို့၊ ပြီးတော့ သူ့မှာလဲ အထုပ်အပိုးတွေ ပါလာခဲ့သေးတယ်။ရှောင်းကျန့်က ပြည်ပ ထွက်ခွာဖို့ ပြင်ဆင်ထားတဲ့ နှစ်ပတ်စာအတွက် အခန်း ငှားထားတယ်။ အဲ့အခန်းမှာပဲ ဝမ်ရိပေါ်က နှစ်ပတ်လုံး လာနေခဲ့တာပါပဲ ကျင်းကော်နဲ့ အတူလေ။
အကြောင်းပြချက်မေးတာ
ဂျစ်တိုက်တာ ငိုယိုတာမျိုးလဲ မလုပ်ပါဘူး။
ကောနဲ့ငါ ဘယ်လို ဆက်ဆံရေးလဲ ဆိုတာမျိုးလဲ မမေးဘူး။
ငိုတာကလဲ ရိပေါ်အတွက် သူ ထွက်သွားမယ်ပြောတဲ့ အဲ့ဒီတစ်ခါက နောက်ဆုံးပဲ ဖြစ်မယ်။
YOU ARE READING
The Polaris (北极星 Běijíxīng ) Completed
Fanfictionဓူဝံကြယ်က အာရှာ မိုင်နာ (Ursa Minor) ကြယ်အစုအဝေးမှာ အတောက်ပဆုံးကြယ်ဖြစ်တယ်တဲ့။ ဟိုးရှေးက ခရီးသွားတွေဟာ အရပ်မျက်နှာကို သိရဖို့ ဒီကြယ်ကလေးကို ရှာရသလိုမျိုး ငါက လမ်းပျောက်တဲ့အချိန်တိုင်း မင်းကိုပဲ ရှာနေခဲ့တာ။ ပြီးတော့ မင်းဟာ ငါ့ကောင်းကင်မှာ အတောက်ပါဆုံ...