Part (5)

1.1K 83 12
                                    

ဝမ်းနည်းစရာဟာ
ဆန့်ထုတ်စရာနေရာရှိရင်
အရောင်ဖျော့ပြီး ပျော်ရွှင်သွားတတ်တယ်

ပျော်ရွှင်မှုဟာ
ဆန့်ထုတ်စရာနေရာမရှိရင်
ကျုံ့ပြီးဝမ်းနည်းသွားတတ်တယ်

ဒီလိုပဲ ဘေဘီရဲ့
စိတ်ဟာ ဒင်္ဂါးပြားလေးလိုပဲ ..... ။

_မြကျေး

မနက်ခင်း ဆရာဝန်ရောက်လာတဲ့ အထိ ရိပေါ်က ရှောင်းကျန့်ကို ဂရုစိုက်ရတယ်။ ဆရာဝန်ရောက်လာတဲ့အချိန်မှာတော့ ရှောင်းကျန့်က သတိရနေပါပြီ။

ရှောင်းကျန့်က တစ်နှစ်မှာ တစ်ခါ ဒီလို အပြင်းအထန် ဖျားနာတတ်တယ်။ ဘယ်လောက်ထိ နွမ်းလျလဲဆို ကျောင်းတောင် နားလိုက်ရသေးတယ်။ ရိပေါ်ကလည်း ကျောင်းမသွားပါဘူး။ သူက ကျောင်းစာရော၊ ကျောင်းရောကို သိပ်ပြီး ကြိုက်လှတဲ့သူ မဟုတ်ဘူး။ သူ့အစ်ကိုအသစ်ကသာ ပတ်ဝန်းကျင်အသစ်မှာ သက်တောင့်သက်သာ ဖြစ်ရတဲ့ တစ်ယောက်တည်းသောသူပဲလေ။

ရှောင်းကျန့် ဖျားတာက သာမန် စိတ်ပင်ပန်း၊ လူပင်ပန်းလို့ ဖြစ်တာမို့ တစ်ရက်အတွင်းမှာပဲ သက်သာ သွားပါတယ်။

"ရိပေါ်"

ရှောင်းကျန့်က ရိပေါ်လက်ထဲကို ချောကလက် အလုံးလေး ထည့်ပေးလိုက်တယ်။

"ကော
ကောမှာ ချောကလက်တွေ အများကြီးလား"

"အင်း ကိုယ် နည်းနည်း စားချင်လို့
ဘာလို့ ချောကလက်ကို ဒီလောက် ကြိုက်တာလဲ ရိပေါ်"

"အရသာ ကောင်းတယ်"

"အဲ့တာက ဝ စေတယ်
ရိပေါ်က ထမင်းလည်း အများကြီး စားသေးတယ်
ချောကလက်သာ ခဏ ခဏ စားရင်တော့"

"ကျနော်က လှုပ်လှုပ်ရှားရှား လုပ်ပါတယ်"

"မင်း ပါးတွေ ဖောင်းနေပြီ"

ရှောင်းကျန့်က ရိပေါ်ရဲ့ ပါးကို လက်ညှိုးလေးနဲ့ အသာ ထိလိုက်တယ်။
ဝမ်ရိပေါ်ရဲ့ နားရွက်ဖျားလေးဟာ ခရမ်းချဉ်သီး သဏ္ဌာန် ပြောင်းသွားတာကို ရှောင်းကျန့်က မရိပ်မိပါဘူး။
ဒီကောင်လေးက သူ့အတွက်နဲ့ ပင်ပန်းခဲ့တယ်။ ကျေးဇူးတင်စကား ပြောဖို့ကျ သူ့နှုတ်က မထွက်ပြန်ဘူး။ အဲ့တာကြောင့် သူလုပ်နိုင်တာ ချောကလက် ပေးတာပဲ။

The Polaris (北极星  Běijíxīng  ) CompletedWhere stories live. Discover now