Final ⭐✨

872 61 10
                                    

အမှောင်ဟာ ဆိုးလို့
ငါဟာ တစ်သက်လုံးလို့ ထင်ခဲ့ဖူးတယ်

ပြန်လာခဲ့ပြီ
ပြန်လာနိုင်ပြီ
ဘေဘီ

င့်ကို
ငါ ကယ်မည်.... ။ ။

_မြကျေး

"‌ရိပေါ်အာ ကိုယ်ထွက်လာပြီနော်"

ဖုန်း‌ကို စာရိုက်ပြီးတာနဲ့ ရှောင်းကျန့်က ခြေလှမ်းကျဲကျဲတွေနဲ့ စာသင်ခန်းထဲက အရင် ပြေးထွက်တော့တာပဲ။

ကျောင်းပေါက်ဝ တစ်နေရာမှာတော့ ဝမ်ရိပေါ်က အဝါရောင် ထီးကလေးကို ဆောင်းလို့ ‌ရပ်နေတယ်။

"ဘာလဲ သားက အိပ်ပျော်သွားပြန်တာလား"

"အင်း အခုလေးပဲ"

"ဆောရီး အကြာကြီး စောင့်လိုက်ရတယ်မလား
ဒီ လက်ချာချိန်က"

"ရတယ်
သူက ဒီလိုပဲ တစ်ခါတလေ ဂျီကျတာကိုး"

ရှောင်းကျန့်က ရိပေါ် ပိုးထားတဲ့ ကလေးလေးကို လက်လွှဲယူလိုက်တယ်။

"ပါပါး"

"ဘယ်လိုများ ချက်ချင်းနိုးလာရတာလဲ ဒီကလေးလေးက"

ရိပေါ်က နှုတ်ခမ်းကို စူပြီး ပြောတယ်။ ပြီးတော့ ကျင်းကော်ကို ထည့်သယ်လာတဲ့ box ကို သေချာပြောင်းလွယ်လိုက်တော့တယ်။

သားကတော့ "ပါးပါး"

"ပါးပါး" အခွန်း ၁၀၀ လောက် ခေါ်ပြီး အရင်ဘဝက ကွဲကွဲသွားတဲ့ သားအဖတွေလို ရှောင်းကျန့်ကို ကပ်‌ချွဲနေတော့တာပါပဲ။

သားရဲ့ ဆံပင်တွေက ခွေခွေ လိပ်လိပ်ကလေးတွေ။
ပြီးတော့ အသားအရည်က ဆွတ်ဆွတ်ဖြူပြီး မျက်လုံး မှေးကလေးနဲ့။
ကြည်စင် ဝင်းလက်နေတဲ့ မျက်နှာလေးပေါ်မှာ ပါးဖောင်းဖောင်းကလေးက နေရာယူလို့။

ဝမ်ရိပေါ်နဲ့ တစ်ပုံစံတည်း ကောင်ကလေးက သူတို့ နှစ်ယောက်လုံးရဲ့ ချစ်မဝလေး။

"ပေါ်တိ ကိုယ်တို့ အပြင်ရောက်တုန်းဆိုတော့ ဈေးဝယ်ရအောင်"

"မဖြစ်ဘူး"

"ရိပေါ်အာ"

ရှောင်းကျန့်က နဂိုအသံထက်ပိုပြီး ခပ်ချွဲချွဲလေး ပြောလိုက်တယ်။

The Polaris (北极星  Běijíxīng  ) CompletedWhere stories live. Discover now