မီးလောင်ပြီးစ မြေ
စစ်ပွဲပြီးစ မြို့
ငါလည်း တစ်ခုမဟုတ်တစ်ခု ဝင်စားခဲ့ဖူးမယ်
ဝင်စားခဲ့ဖူးတယ် ထင်တယ်ဘေဘီရဲ့
ဘာမှမရှိတော့ဘူးဆိုတာ
တစ်ခုခုရဖို့ ဖြစ်လာတတ်တာ တဲ့... ။_မြကျေး
"ဒီရက်တွေထဲ ကောကော ပြန်လာဖြစ်မှာ မဟုတ်ဘူး"
မှိုင်ကျသွားတဲ့ ဝမ်ရိပေါ်ကို ကြည့်ပြီး ရှောင်းကျန့်က ပါးဖောင်းဖောင်းလေးကို တစ်ချက် ဆွဲညှစ်တယ်။
ပြီးတော့ ဆံပင် ကောက်ခွေလေးတွေကို ထိုးဖွတယ်။
အတူ ပြန်ရှိကြတဲ့ ရက်တွေ အများကြီးမှာ သူတို့ ပို ပွင့်လင်းခဲ့တယ်။ ပိုပြီး ရင်းနှီးခဲ့ကြတယ်။ ဒါမှ မဟုတ် တစ်ခါမှ မဝေးဖူးကြသူတွေလို မပြောင်းလဲခဲ့တာလား။
နှစ်ကာလက လူအတော်များများကို ပြောင်းလဲစေတယ်။ နှလုံးသားလေးက အမြဲ ရှိနေသေရွ့၊ အမြဲ ရှာဖွေသရွေ့ ဒီလို သူတို့ တွေ့နိုင်ကြတာပဲ မဟုတ်လား။ အချိန်က အချို့လူတွေကို အေးခဲချင် အေးခဲစေနိုင်မှာပေါ့။ ဒါပေမဲ့လဲ သူတို့က မပြောင်းလဲနိုင်တဲ့ နှလုံးသားတွေနဲ့။
"ရိပေါ် သိလား
လူတွေ အကုန်လုံး ပန်းနဲ့ သေနတ် ဘယ်ဟာ ရွေးချယ်မယ် ထင်လဲ""ကိုယ်ရော ရိပေါ်ရော ကတော့ ပန်းကို ပိုချစ်နိုင်မဲ့ သူတွေပါ"
"ကိုယ်တို့မှာ ရွေးချယ်စရာ အများကြီး မရှိဘူး
မဟုတ်ရင် ကိုယ် ရိပေါ် လက်ကလေးကိုပဲ ဆွဲထားမှာကိုယ် ရိပေါ် အနားပဲ နေမှာ
ကိုယ် မင်းကလွဲပြီး ဘာမှကို မလိုချင်ဘူး"
"ကောကော ငါ နားလည်ပါတယ်"
"ကောကော မင်းဘေးမှာ ကောင်းကောင်း အိပ်ပျော်ဖို့၊ မင်းကို စိတ်ချလက်ချ ဖက်ထားနိုင်ဖို့၊
ကောကောက မင်း ရှိရုံနဲ့ လုံလောက်ဖို့ လိုတယ်
ပန်းတွေရော
အချစ်ကိုရော လက်ခံနိုင်ဖို့ လိုပါတယ်""ကော ငါ တကယ် မင်းကို နားလည်ပါတယ်"
"မကြာခင်မှာ ပြန်တွေ့မယ်
တကယ်ပဲ မကြာခင်မှာ ပြန်မသွားတော့ဘဲ ပြန်တွေ့မယ်"
YOU ARE READING
The Polaris (北极星 Běijíxīng ) Completed
Fiksi Penggemarဓူဝံကြယ်က အာရှာ မိုင်နာ (Ursa Minor) ကြယ်အစုအဝေးမှာ အတောက်ပဆုံးကြယ်ဖြစ်တယ်တဲ့။ ဟိုးရှေးက ခရီးသွားတွေဟာ အရပ်မျက်နှာကို သိရဖို့ ဒီကြယ်ကလေးကို ရှာရသလိုမျိုး ငါက လမ်းပျောက်တဲ့အချိန်တိုင်း မင်းကိုပဲ ရှာနေခဲ့တာ။ ပြီးတော့ မင်းဟာ ငါ့ကောင်းကင်မှာ အတောက်ပါဆုံ...