ကားတံခါးဖွင့်လိုက်သောအခါတွင် ကျွမ်းကျင်၀န်ဆောင်မှုဝန်ထမ်းများကဲ့သို့ ယူနီဖောင်းဝတ်ထားသော လူလတ်ပိုင်းအမျိုးသမီးအချို့ ထွက်လာကြသည်။
တစ်ချိန်တည်းမှာပင် လင်မယားနှစ်ယောက်ကလည်း အပြင်သို့ ထွက်လာကြသည်။ ခန်းဝေကျန်းက အပြုံးဖြင့်ပြောလိုက်သည်။
"တကယ်တော့ လွန်ခဲ့တဲ့နှစ်ရက်တည်းက ကျွန်မတို့ ပြင်ဆင်ခဲ့တာ အဘွားလျို ဒါကကျွန်မတို့ပြင်ဆင်ပေးထားတဲ့ အစေခံတွေပါ သူတို့ကအဘွားအတွက် အစားအသောက် အဝတ်အစား အနေအထိုင် အိမ်သန့်ရှင်းရေး နဲ့ သွားရေးလာရေးတွေမှာ ဂရုစိုက်ပေးပါလိမ့်မယ် ရွာသူကြီးရဲ့ ငါးထပ်ပါတဲ့အိမ်လည်း ကျွန်မအဘွားအတွက်ဝယ်ပေးထားပါတယ် အဘွားကယန်ယန်ကို စောင့်ရှောက်ပေးခဲ့တော့ ကျွန်မတို့က အဘွားကို ပြန်ဆပ်သင့်တယ်။ ကျွန်မတို့ဘယ်လောက်ပဲလုပ်လုပ် အဘွားရဲ့ကျေးဇူးကို ပြန်မဆပ်နိုင်မှန်းသိတယ်။အခုချိန်ကစပြီး အဘွားကဘာကိုမှ စိတ်ပူနေစရာ မလိုတော့ဘဲ ဘဝလေးကို ပျော်ပျော်နေဖို့ပဲလိုတယ်"
ဘေးမှကြည့်သူများသည် မှင်တက်သွားပြီး မနာလိုဖြစ်သွားကြသည်။
အိုက်ယား....သူတို့က ဒီကောင်းကျိုးကို ခံစားခွင့်ရသူတွေ ဘာကြောင့် မဟုတ်တာလဲ။
***
ထို့ကြောင့် ရှန်းယန်သည် ယန်မြို့ရှိ သူမ၏အိမ်အသစ်သို့ ပြန်သွားခဲ့သည်။
လွန်ခဲ့သည့်တစ်နှစ်က ရှန်းယန်အစစ်သည် ကားမတော်တဆမှုတစ်ခုဖြစ်ပွားပြီး သေဆုံးသွားခဲ့သည်။ထို့နောက် သူမသည် ဤခန္ဓာကိုယ်ထဲသို့ ကူးပြောင်းလာပြီး အထူးစွမ်းရည်တစ်ခု ရရှိခဲ့သည်။
ဒါပေမယ့် သိပ်မကြာခင်ကပဲ ရှန်းယန်ရဲ့ မိဘတွေက ဒီရွာကို ရုတ်တရက်ရောက်လာပြီး သူတို့နဲ့အတူ အိမ်ပြန်ခေါ် ချင်ခဲ့တယ်။ သူမ မထွက်သွားချင်ပေမယ့် အဖွားလျိုက သူမကို ကျေးလက်မှာ မနေစေချင်ဘဲ သူမရဲ့ အနာဂတ်အတွက် မကောင်းဘူးလို့ ထင်ပြီး မိဘတွေနဲ့ လိုက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။
အဖွားလျိုက ကျန်းမာရေးမကောင်းမွန်တာကြောင့် ရှန်းယန်က သူမကိုစိတ်အနှောင့်ယှက်မဖြစ်စေချင်ခဲ့ပေ။ဒါ့အပြင် ရှန်းမိသားစုသည် အဖွားလျို၏ အနာဂတ်ဘဝအတွက် ကြီးမားသော ပြင်ဆင်မှုများ ပြုလုပ်ထားသောကြောင့် သူမမှာ စိုးရိမ်စရာမရှိတော့ပေ။
YOU ARE READING
Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)
Romanceဆယ့်ခုနစ်နှစ်ကြာ ပျောက်ဆုံးခဲ့နေသော နာမည်ကြီးရှန်မိသားစု၏ အငယ်ဆုံးသမီးလေး ပြန်ရောက်လာပြီဖြစ်သည်။ ကျေးလက်မှ ဆွံ့အသော အဖွားတစ်ဦးမှ သူမကိုပျိုးထောင်ခဲ့ချိန်မှစ၍ သူမဘဝ ပျက်စီးသွားခဲ့ပြီဟု လူအများက ထင်မြင်ကြပြီး ရှန်မိသားစုကို သူမ မည်ကဲ့သို့ အရှက်ရစေမည်က...