အခန်း (၄၈)
ရှန်ယွဲ့သည် အပြုံးဖြင့် ပြေပြစ်စွာ ခေါင်းညိတ်သည်။ "ဒါက ငါ့အပေါ်ကျောင်းက သူတို့ရဲ့ ခိုင်မာမှုပြသတာ"
"ဟုတ်တယ်၊ လူတိုင်းက hostမဖြစ်နိုင်ဘူး" ေကကျောက်ပျောင်က ချက်ချင်းပဲ သံယောင်လိုက်လိုက်တယ်။
ဖန်းသော်၏ မျက်နှာပေါ်တွင် အပြုံးများ ပျံ့နှံ့သွားသည်။ "တောင်းပန်ပေမဲ့ နင်တို့ကိုပြောစရာတစ်ခုရှိတယ်။ ကျောင်းပွဲကျင်းပရေးအဖွဲ့အစည်းကနေ ရှန်ယန်ကို hostအဖြစ် အရင်ဖိတ်ကြားခဲ့ပေမယ့် သူမငြင်းလိုက်တာကြောင့် နင့်ဆီရောက်လာတာလေ"
ရှန်ယွဲ့၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားသည်။
ထိုအရာကို လော့ရှုကြားသောအခါ၊ သူမသည် ချက်ချင်းပင်ပြောတယ်။ "မဖြစ်နိုင်တာတွေ!"
"မဖြစ်နိုင်ဘူး? ရှန်ယန်က ရုပ်ရည်ချောမောပြီး အသံကောင်းတယ်ဆိုပြီး ကျောင်းအခမ်းအနားအဖွဲ့အစည်းက ဆရာတွေက သဘောတူတာကြောင့် မဲအများဆုံးရခဲ့တယ်။ ရှန်ယန် ငြင်းပယ်လိုက်ပေမဲ့လည်း ဆရာတွေက သူမကို စည်းရုံးပေးဖို့ ငါတို့အတန်းမှာရှိတဲ့ အခြားကျောင်းသားတွေပို တောင်းပန်ခဲ့ပေမယ့် ရှန်ယန်က စိတ်ပြောင်းမှာမဟုတ်ကြောင်း သိလိုက်ရတာကြောင့် အလွန်စိတ်ပျက်သွားတာလေ။ နင်ကတော့ Plan B ပဲ"
ဒါကို အတန်းခုနစ်ကကျောင်းသားတွေက တညီတညွတ်တည်း အတည်ပြုခဲ့ပါတယ်။ အဲဒါက အတန်းတစ်ရဲ့ ဘဝင်ခိုက်နေတဲ့ကျောင်းသားတွေကို ဘာကြောင့်ထူးဆန်းတဲ့အကြည့်တွေနဲ့ ကြည့်နေရလဲဆိုတာပါပဲ။
Host ဖြစ်ခြင်းရဲ့နောက်ကွယ်မှာ ကြီးမားတဲ့အချက်ကဘာလဲ။ ရှန်ယန်က အဆိုပါ အခန်းကဏ္ဍကို ငြင်းပယ်ခဲ့သည်။ အတန်းတစ်က ကျောင်းသားတွေက အဲဒီအကြောင်းကို ကြွားလုံးထုတ်တာ ရယ်စရာကောင်းတယ်။
ထို့ကြောင့် သူတို့သည် မနာလိုမဖြစ်ခဲ့ကြသော်လည်း သူတို့၏ တုံ့ပြန်မှုကို သူတို့ကဆွံ့အစေခဲ့သည်။
"ဟမ့် အဲဒါနင်တို့ ထွင်ပြီးပြောတဲ့ပုံပြင်ပဲလေ။ ငါ့တော့ မယုံဘူး။" ရှန်ယွဲ့၏ မျက်နှာသည် ညိုမှိုင်းလာသည်ကို သတိပြုမိသော်လည်း လော့ရှုက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။
YOU ARE READING
Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)
Romanceဆယ့်ခုနစ်နှစ်ကြာ ပျောက်ဆုံးခဲ့နေသော နာမည်ကြီးရှန်မိသားစု၏ အငယ်ဆုံးသမီးလေး ပြန်ရောက်လာပြီဖြစ်သည်။ ကျေးလက်မှ ဆွံ့အသော အဖွားတစ်ဦးမှ သူမကိုပျိုးထောင်ခဲ့ချိန်မှစ၍ သူမဘဝ ပျက်စီးသွားခဲ့ပြီဟု လူအများက ထင်မြင်ကြပြီး ရှန်မိသားစုကို သူမ မည်ကဲ့သို့ အရှက်ရစေမည်က...