Chapter 33

1K 109 3
                                    

ဒီလကုန်ဖို့ နီးလာပေမယ့် ဒါက ဒီလမှာ သူနဲ့ ပထမဆုံး စကားပြော​ခြင်း​​ဖြစ်တယ်။ သူမရမှတ်က မဆိုးဘူးလို့ပြော​နေပေမယ့် သူတကယ်ဆိုလိုတာလား ဒါမှမဟုတ် ရွဲ့နေတာလားဆိုတာ သူမမသိပါဘူး။

ရှန်ထိုင်က သူ့မေးစေ့ကို ပွတ်သပ်ကာ မျက်လုံးကိုကျဥ်းကာ ပြုံးလိုက်သည်။

"အင်း ဒါ မေးခွန်းကောင်းပဲ ဒါပေမယ့်..."

သူသည် ရှန်ယွဲ့နှင့် ဝေးရာသို့ လှည့်လိုက်သည်။

"မင်းအမေကို ဘာလို့မမေးတာလဲ"

**

ရှန်ယန်၏အခန်းတွင် သူမသည် Beale Ciphers နည်းလမ်းများကို လေ့လာနေသည်။

လူသိအများဆုံး မို့စ်ကုဒ်သည်ပင် Beale Ciphers နှင့် မကိုက်ညီပါ။ Beale Ciphers ကို မည်သူမျှ မဖော်ထုတ်ဖူးသေးသော်လည်း သူမတွင် သဲလွန်စအချို့ရှိသည်။

Beale Ciphers များသည် အရေအတွက်များသော အုပ်စုများစွာဖြင့် သိပ်သည်းသောနံပါတ်များကို ဖွဲ့စည်းထားသည်။

ဒါက တခြားသူတွေ အတွက် ခေါင်းကိုက်စရာ ဖြစ်ခဲ့ပေမဲ့ သူမအတွက် အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ သူမသည် မဖြေရှင်းနိုင်သော ပဟေဋ္ဌိများနှင့်ပတ်သက်၍ စွဲလမ်းမှုအနည်းငယ်ရှိနေသည်။

အဲ့အခိုက်အတန့်တွင် သူမရုတ်တရက် နစ်စုံနစ်ခုကို ကြားလိုက်ရပြီး ပြတင်းပေါက်အား စိတ်အားထက်သန်စွာ တချက်ကြည့်လိုက်သည်။

လေက အဖြူရောင် ခန်းဆီးများကို တိုက်ခတ်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်မှာ လရောင်က တောက်ပနေခဲ့တယ်။

ထင်ယောင်ထင်မှား ဖြစ်သွားတာလား။ သူမ မျက်မှောင်ကြုတ်လိုက်သည်။

သူမဆီသို့ အရိပ်တစ်ခုထွက်ပေါ်လာသောအခါ သူမအကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူမသည် ပေါ့ပါးသွက်လက်စွာဖြင့် ဘေးသို့ ရွေ့သွားကာ ဗီရိုဘေးရှိ နံရံပေါ်တွင် ဖိကပ်ထားလိုက်သည်။

မျက်နှာချင်းဆိုင်ရှိ ထိုလူ၏ တောက်ပသော မျက်လုံးများသည် ပင်လယ်ကဲ့သို့ နက်ရှိုင်းပြီး ကြယ်ရောင်များ ပြည့်နှက်နေပုံရသည်။ ပါးလွှာပြီး ဆွဲဆောင်မှုရှိတဲ့ သူ့နှုတ်ခမ်းတွေပေါ် သူ့လက်ချောင်းတွေကို တင်လိုက်တယ်။ "ရှူး"

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now