အတန်းပိုင်ဆရာမ ချန်းလန်သည် သူမ၏ စားပွဲဖော်အသစ်ကို ဂရုစိုက်ပေးရန် သူမအား အပ်ခဲ့သည်။ ထို့အပြင် သူမကလှပသော အရာများကို သဘောကျလေ့ရှိသည်။
ချောမောလှပသူတစ်ယောက်ကို မြင်တိုင်း သူမသည် ထိုလူကို ကာကွယ်ပေးချင်မိသည်။
သူမသည် ဤတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရန် စိတ်ပိုင်းဖြတ်ထားသည်။
ရှန်ယန်၏ အံ့မခန်းလှပသော မျက်နှာကို စိုက်ကြည့်ရင်း ဖန်းသော်သည် လတ်ဆတ်သောလေကို ခပ်ပြင်းပြင်းရှုရှိုက်လိုက်သလို ခံစားလိုက်ရသည်။
ကြင်နာတတ်တဲ့ အဘွားတစ်ယောက်လို အပြုံးလေးနှင့်
"ရှန်ယန် နင့်မှာ နားမလည်တာတွေရှိရင် ငါ့ကိုမေးလို့ရတယ်နော် အားနာဖို့မလိုပါဘူး"
ရှန်ယန်သည် စာအုပ်များကိုသာ ဖတ်ချင်သော်လည်း သူ့မပတ်ဝန်းကျင်တွင် ကျောင်းသားများစွာရှိသည့်အတွက် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ သူမကိုကူညီဖို့ကြိုးစားနေတဲ့ ဒီချောမောလှပတဲ့ကောင်မလေးကိုတွေ့တော့ သူမက မျက်ခုံးပင့်ပြီးပြောလိုက်တယ်။ "ကျေးဇူးတင်ပါတယ်"
ဖန်းသော်ရဲ့ နှလုံးကခပ်မြန်မြန်ခုန်သွားခဲ့တယ်။ အိုးး
ဒီအတန်းဖော်အသစ်လေးက ချောမောရုံတင်မကလဲ သူမရဲ့အသံလေးကလဲအရမ်းကောင်းတာပဲ။
ရှန်ယန်က အခြားလူတွေအပေါ် အကြွေးတင်နေရတာကို မကြိုက်ဘူး။ ဖန်းသော်ရဲ့လက်ထဲတွင် Rubik's Cube ကိုအချိန်အတော်အကြာကိုင်ထားသည်ကို သတိပြုမိလိုက်သည်။ သူမဒါကို ဖြေရှင်းဖို့ခက်ခဲနေပုံရတယ်။
သူမက အနောက်ကိုမှီထားရင် အံ့သြသောအသံနှင့်မေးလိုက်သည်။
"ဒါကို ဖြေရှင်းဖို့ခက်နေတာလား""
"ဟုတ်တယ်"
ဖန်းသော်သည် Rubik's Cube ကို စိုက်ကြည့်ရင်းစိတ်ဓာတ်ကျနေမိသည်။
အိုးယဲ့သည် သူမအားငတုံးဟု အမြဲပြောလေ့ရှိပြီး သူမကလဲ မဟုတ်ကြောင်းငြင်းဆိုခဲ့သည်။ ထို့ကြောင့် ယနေ့တွင် အိုးယဲ့က Rubik's Cube ကိုယူလာပြီး အဲ့တာက သူမရဲ့ ဉာဏ်ရည်ကိုစစ်ဆေးပေးနိုင်ကြောင်းပြောသည်။
YOU ARE READING
Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)
Romanceဆယ့်ခုနစ်နှစ်ကြာ ပျောက်ဆုံးခဲ့နေသော နာမည်ကြီးရှန်မိသားစု၏ အငယ်ဆုံးသမီးလေး ပြန်ရောက်လာပြီဖြစ်သည်။ ကျေးလက်မှ ဆွံ့အသော အဖွားတစ်ဦးမှ သူမကိုပျိုးထောင်ခဲ့ချိန်မှစ၍ သူမဘဝ ပျက်စီးသွားခဲ့ပြီဟု လူအများက ထင်မြင်ကြပြီး ရှန်မိသားစုကို သူမ မည်ကဲ့သို့ အရှက်ရစေမည်က...