Chapter 6

1.2K 124 0
                                    


ရှန်ယွီရှီးသည် မှင်သက်သွားပြီး ရှန်ယွဲ့၏မျက်နှာသည် ရှက်ရွံ့သွားကာ ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။

သူမတို့ ကသူပြောတာကို နားမလည်ကြလောက်ဘူးလို့ ထင်ပြီး နိုင်ငံခြားသားက လက်ဟန်ဖြင့် သူကဒီပီယာနိုကိုလာပို့တာဖြစ်ကြောင်း အသည်းအသန်ရှင်းပြတော့သည်။

အဲ့အချိန်မှာပဲ ခန်းဝေကျန်းက အလုပ်တွေပြီးသွားတဲ့အတွက် အပြင်ထွက်လာခဲ့သည်။

လျှပ်တစ်ပြက်အတွင်းကြံရာမရ ဖြစ်နေသော ရှန်ယွဲ့က လျင်မြန်စွာပြောလိုက်သည်။

"အန်တီ အချိန်မီရောက်လာတာပဲ ဒီလူက ယန်ယန်အတွက် အန်တီငှားထားတဲ့ ပီယာနိုဆရာမလား အဲ့ဒါကို ယန်ယန်က သူ့ကို ​မောင်းထုတ်နေလို့.."

"ပီယာနိုဆရာလား? အန်တီ ဘယ်ပီယာနိုဆရာကိုမှ မငှားထားဘူး.."

ရှန်ယွဲ့၏ မျက်နှာသည် ဖျော့တော့သွားသည်။ သူမသည် ရှန်ယွီရှီး၏ မေးခွန်းထုတ်လိုသော အ​​ကြည့်များကို ရှောင်ချင်ပြီး ပုန်းခိုရန် မြေပြင်၌ အပေါက်တစ်ပေါက် ပေါ်လာရန် ဆုတောင်း​နေမိသည်။

နိုင်ငံခြားသားနှင့် ပီယာနိုကို တွေ့လိုက်သောအခါ ခန်းဝေကျန်းတယောက် ပဟေဠိ ဖြစ်သွားသည်။

ထိုအချိန်မှာပင် အခြားလူတစ်စု ရောက်လာကြသည်၊သူတို့ထဲက တစ်ယောက်က နိုင်ငံခြားသားကို ပြောလိုက်သည်။ နိုင်ငံခြားသားက နားထောင်ပြီး ပြီးထိတ်လန့်သွားသည်။

ထိုလူကပင်ဆက်၍ ရှန်းမိသားစုအား

"တောင်းပန်ပါတယ်ဗျာ သူက လိပ်စာမှားပြီးလာပို့ မိတာပါ" ဟုပြောလာသည်။

ခန်း​ဝေကျန်းက မျက်ခုံး ကိုပင့်လိုက်သည်။ သူမသည် ပီယာနိုအကြောင်း အနည်းငယ် တတ်ကျွမ်းသူ ဖြစ်သည်။သူမရဲ့ ဒုတိယသားသည် နာမည်ကြီးသော ဂီတပညာရှင်ဖြစ်ပြီး တစ်နှစ်ပတ်လုံးနီးပါး ကမ္ဘာအနှံ့ဖျော်ဖြေရန် ဖိတ်ကြားခြင်း ခံရသည်။

ယွမ်သန်း 20 တန်တဲ့ ပီယာနိုတစ်လုံးကို လိပ်စာမှားပြီး ပို့ပေးခဲ့တာလား။ အဲဒါက မယုံနိုင်စရာ ကောင်းလွန်းခဲ့တယ်။

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now