Chapter 43

829 81 0
                                    


"နတ်ဘုရားမ စိတ်မဆိုးပါနဲ့။ ဒီလိုလူမျိုးအတွက် ကိုယ့်ကိုကိုယ် သောကအရောက်မခံနဲ့ " လို့ဆိုပြီး ရှန်ယွဲ့ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ ကောင်လေးက ပြောလိုက်တယ်။

"မဟုတ်ဘူး"

ရှန်ယွဲ့က အသိဉာဏ်ရှိပြီး ထောက်ထားစာနာသည့်ပုံပေါက်သည်။

"ငါ့ရဲ့ဝမ်းကွဲက ပိုင်လွမ်ရွာက ရောက်လာတာ မကြာသေးဘူးဆိုတော့ သူ့ပတ်ဝန်းကျင်အသစ်နဲ့ လိုက်လျောညီထွေမဖြစ်နိုင်သေးဘူး။"

အတန်းတစ်ကလူတွေက အဲဒါကိုကြားတော့ ခပ်အုပ်အုပ်ရယ်လိုက်​ကြသည်။။ ဟုတ်တာပေါ့ ရှန်ယန်က ယုတ္တိမဲ့ပြီး မိုက်မဲတဲ့ ရွာသူ​လေးဖြစ်ရုံကလွဲလို့ ဘာမှမဟုတ်ဘူး။

အဖွားရှန်သည် ဤကြာရှည်စွာ ပျောက်ဆုံးသွားသော မြေးမလေးအား မာဂျောင် ကစားပွဲ၌ တစ်ခါမျှ မပြောခဲ့ခြင်းမှာ အံ့သြစရာမဟုတ်ပေ။

သို့သော် သူမသည် ဝေးလံခေါင်သီသောရွာတွင် ကြီးပြင်းလာခဲ့လျှင် သူမသည် တစ်နေ့တာလုံး ပြေးလွှားနေရမည်ဖြစ်ပြီး သန်မာသူဖြစ်ရမည်။ သူမ က ဘာကြောင့် ပြိုင်ပွဲမှာ မပါဝင်တာလဲ။

"ဟေ့ နင်က ငါတို့နတ်ဘုရားမရှန်ကို ဘယ်လိုအကြည့်နဲ့​ကြည့်နေတာလဲ"

ဖန်း​သော်သည် ရှန်ယန်ကိုသူမအ​နောက်သို့ပို့​ပြီး အကာအကွယ်ပေးခဲ့သည်။ ရှန်ယန်က သူမကို ကာကွယ်ပေးခဲ့တာမို့ ရှန်ယန်ကိုလည်း သူမကကာကွယ်​ပေးမှာပါ။

"ဘာလို့လဲဆိုတော့ သူမ ပြိုင်ပွဲမှာ မပါဝင်တာကို အံ့သြမိလို့ပါ။" တစ်စုံတစ်ယောက်သည် မလိုမုန်းတီးစွာ ပြုံးလိုက်သည်။ "ဒါက မင်းအတန်းနဲ့ ငါတို့အတန်းကြားက ​ပြိုင်ပွဲမလား? ရိုးသားမှုကို ပြစမ်းပါ"

ဖန်းသော်က မမေးဝံ့ပေမယ့် တကယ်တော့ သူမမှာ အိုးယဲနဲ့ ဆင်တူတဲ့ အတွေးမျိုး ရှိတယ်။

ယေဘူယျအားဖြင့် ဉာဏ်ကောင်းတဲ့သူတွေဟာ အားကစားမှာ ကောင်းကောင်းမလုပ်တတ်သလို ယန်ယန်ကလည်း ကတော့ ချွင်းချက်မဟုတ်ဘူး။

သူမသည် အတန်းတစ်ကလူတွေက သူမ၏နတ်ဘုရားမအား လှောင်ပြောင်ခြင်းကို ခွင့်ပြုမှာမဟုတ်ပါဘူး။

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now