Chapter 47

1.2K 101 2
                                    

အခန်း ၄၇

ရှန်ယန်သည် အမူအရာမဲ့စွာဖြင့် ကာယဆရာအားပြောလိုက်သည်။ "ဟင့်အင်း လမ်းကြောင်းနဲ့ကွင်းဆင်းလေ့ကျင့်တာကို မလုပ်ချင်ဘူး"

"လောင်ရှီးပြောတာ နိုင်ငံအသင်းအကြောင်းလေ။ အိမ်ပြန်ပြီးသမီးမိဘတွေနဲ့ ဘာလို့မဆွေးနွေးတာလဲ"

ကာယဆရာက အလျင်စလိုပြောလိုက်သည်။ နောက်ဆုံးတွင်သူသည် ပျိုးပင်ကောင်းတစ်ပင်ကိုရှာတွေ့ခဲ့သည်။ သူမသာဒီအခွင့်အရေးကိုငြင်းလိုက်ရင်သူမရဲ့ အရည်အချင်းတွေကအလဟာသဖြစ်သွားလိမ့်မယ်။

ကျောက်ပျောင်နဲ့သူလူတွေလိုမျိုး မရေမတွက်နိုင်တဲ့လူတွေကနိုင်ငံအသင်းမှာပါဝင်ဖို့ကြိုးစားပေမယ့် မဖြစ်နိုင်ခဲ့ပေ။

သူအိမ်မက်မက်ခဲ့တဲ့အခွင့်အ‌ရေးကို သူမငြင်းပယ်လိုက်တာကိုကြည့်ပြီး ကျောက်ပျောင်က မနာလိုစိတ်ကြောင်းစိမ်းသွားတယ်။

သို့သော် ရှန်ယန်က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ "မဟုတ်ဘူး၊ ကျွန်မကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်။"

"ကောင်းပြီ" ကာယပညာဆရာမက စိတ်ပျက်လက်ပျက်မျက်လုံးတွေကို ဖုံးကွယ်မထားနိုင်ဘဲ စိတ်တိုစွာပြောတယ်။ "ဒီနေ့နားကြရအောင်။ အတန်းပြီးပြီ"

အတန်းတစ် နှင့် ခုနစ်မှ ကျောင်းသားများသည် တစ်ယောက်ကို တစ်ယောက် မကြည့်ဘဲ ချက်ချင်း လူစုခွဲလိုက်ကြသည်။

ဤအချိန်တွင် အတန်းတစ်မှ တစ်စုံတစ်ဦးမှ ဒေါသတကြီးပြောခဲ့သည် "ဟမ့် PE အတန်းပြိုင်ပွဲလေးတစ်ခုသာသာပဲ။ ဘာတွေများကြီးကျယ်နေလို့လဲ။ လာမယ့်ကျောင်း အခမ်းအနားကျင်းပမယ့် အခမ်းအနားမှူးက ငါတို့အတန်းထဲကပဲလေ ဟုတ်တယ်မလား"

ထိုအကြောင့်ကို လော့ရှုကြားသောအခါ သူမ၏ မျက်လုံးများ တောက်ပလာသည်။ သူမသည် နောက်ဆုံးတွင် ရှန်ယွဲ့နှင့် ကိစ္စများကို ပြုပြင်ရန် အခွင့်အရေးရခဲ့ပြီး ထို့ကြောင့် သူမက အတန်းခုနစ် မှ ကျောင်းသားများကို "မှန်ပါတယ်၊ ဒီနှစ်ကျောင်းအခမ်းအနားရဲ့hostကရှန်ယွဲ့လေ" လို့ ပြောခဲ့ပါတယ်။

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now