"ရှန်ယွဲ့ ဂုဏ်ယူပါတယ်! မင်းက ဒီနှစ်ကျောင်း အခမ်းအနားကို ထပ်ပြီး ကျင်းပပေးရဦးမှာပဲ" မျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် ဆရာတစ်ဦးက ရှန်ယွဲ့အား စိတ်ရင်းမှန်ဖြင့် ချီးကျုးခဲ့သည်။
"ကျေးဇူးတင်ပါတယ် မစ္စတာကုန်း" ရှန်ယွဲ့က ပြုံးပြီးပြောသည် ။
တစ်ချိန်တည်းမှာပင် သူမ၏ စိတ်ထဲတွင် တင်းမာနေခဲ့သော ကြိုးတစ်ချောင်းက နောက်ဆုံးတွင် ဖြေလျော့သွားခဲ့သည်။
အချိန်ရှိပါသေးတယ်။ သူမနှင့်ရှန်ယန် အကြား တိုက်ပွဲသည် မကြာမီ ပြီးဆုံးတော့မည် မဟုတ်ပေ။ အပြန်ပြန်အလှန်လှန် တိုက်ပွဲဖြစ်မှာပါ။ ဘယ်သူက နောက်ဆုံးမှာ ရယ်နိုင်မလဲဆိုတာ သူမကြည့်ချင်နေမိသည်။
အတန်းထဲပြန်ရောက်တာနဲ့ သူမအပေါ်အာရုံစိုက်နေ ကြတဲ့ ကျောင်းသားတွေ အားလုံးက သူမအနားမှာ စုလာကြတယ်။
"ရှန်ယွဲ့ ရှန်ယွဲ့ မစ္စတာကုန်းက နင့်ကိုဘာပြောခဲ့တာလဲ။ ကျောင်းအခမ်းအနားပွဲမှာ အစီအစဥ်တင်ဆက်သူလုပ်ဖို့ နင့်ကို သူခိုင်းခဲ့တာလား။"
"အယ်" ရှန်ယွဲ့က စိုးရိမ်တကြီးဖြင့် သူမလက်က မေးစေ့ကို ထောက်ထားသည်။
"အခု အခမ်းအနားပွဲအတွက် မိန့်ခွန်းရေးဖို့ အလုပ်ရှုပ်နေတော့ စာကျက်ဖို့ အချိန်တောင်သိပ်မရှိတော့ဘူးလေ အနှာင့်အယှက်ဖြစ်လိုက်တာနော်"
"မဟုတ်ဘူး! အစီအစဥ်တင်ဆက်သူဖြစ်ခြင်းက ဂုဏ်သိက္ခာအရှိဆုံး အရာလေ။ အမှတ်ကောင်းကောင်းနဲ့ရယုံနဲ့ ဘယ်သူမဆို ဖြစ်နိုင်တဲ့အရာမဟုတ်ဘူးလေ။ ဒါက ကျောင်းကပေးတဲ့ ဂုဏ်ယူစရာကောင်းအရာလေ"
"ငါ့အတွက်တော့ အဲလောက်လဲ အရေးမကြီးပါဘူး" ရှန်ယွဲ့ ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
"ငါက ကံကောင်းခဲ့တာပါ"
"နင်က အရမ်းကိုနှိမ့်ချနေတာပဲ"
လူအုပ်ထဲတွင် လော့ရှုသည်လည်း ရှန်ယွဲ့ကို ဂုဏ်ပြုပေးနေသော်လည်း သူမဆီရောက်လာသည့် ရှန်ယွဲ့၏ မျက်လုံးများကို ရှင်းရှင်းလင်းလင်း သတိပြုမိသော်လည်း ရှန်ယွဲ့သည် သူမကို အချိန်ပြည့် လျစ်လျူရှုခဲ့သည်။
YOU ARE READING
Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)
רומנטיקהဆယ့်ခုနစ်နှစ်ကြာ ပျောက်ဆုံးခဲ့နေသော နာမည်ကြီးရှန်မိသားစု၏ အငယ်ဆုံးသမီးလေး ပြန်ရောက်လာပြီဖြစ်သည်။ ကျေးလက်မှ ဆွံ့အသော အဖွားတစ်ဦးမှ သူမကိုပျိုးထောင်ခဲ့ချိန်မှစ၍ သူမဘဝ ပျက်စီးသွားခဲ့ပြီဟု လူအများက ထင်မြင်ကြပြီး ရှန်မိသားစုကို သူမ မည်ကဲ့သို့ အရှက်ရစေမည်က...