"သမီးရဲ့ ကျူရှင်ဆရာအဖြစ် ရီဂျွန်ချန်းကို ငှားချင်လို့"
"..." သူမ မိုးကြိုးပစ်ခံလိုက်ရသလိုပဲ ခန်းဝေကျန်းကအေးခဲသွားကာ အချိန်အတော်ကြာပြီးနောက် အတင်းပြုံးပြီး မေးလိုက်တယ်။
"ဘာလို့ သူလဲ"
"သူတစ်ယောက်တည်းကသာ အရည်အချင်းပြည့်မီလို့လေ" ရှန်ယန်က ခန်းဝေကျန်းကို တစ်ချက်ကြည့်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။ တကယ်လို့ မားမားကသာ သဘောမတူဘူးလို့ ငြင်းလိုက်ရင် သူမလက်လျော့လိုက်မည်ဖြစ်သည်။
ရီဂျွန်ချန်းတစ်ယောက်တည်းသာ အရည်အချင်းပြည့်မီသော်လည်း ရီဂျွန်ချန်းမပါဘဲနဲ့လည်း သူမဘာသာသူမ ဖြည်းညှင်းစွာ စာဝှက်များကို လေ့လာနိုင်သည်။ သူမအတွက် အချိန်အနည်းမျှသာ ပိုကြာလိမ့်မည်ဖြစ်သည်။
ရီဂျွန်ချန်း သင်ပေးခြင်းဖြင့် သူမရဲ့ အတွေးများကို သူနှင့်ဆွေးနွေးဖလှယ်နိုင်မည်ဖြစ်ပြီး တစ်ဝက်လောက်အားထုတ်ရုံဖြင့် ရလဒ်နှစ်ဆရနိုင်လိမ့်မည်။
မနေ့ညက သူတို့ရဲ့ ဆွေးနွေးမှုတွေကြောင့် ရီဂျွန်ချန်းဟာ အတော်လေး ထိုးထွင်းသိမြင်ပြီး သူမ မတတ်နိုင်တဲ့ အရာတွေမှာပါ နားလည်နိုင်တာကို တွေ့ရှိခဲ့တယ်။
ခန်းဝေကျန်းက ခေါင်းငုံ့ကာစဥ်းစားနေလေသည်။ သူမက ရီဂျွန်ချန်းအား ကြာကြာစောင့်ကြည့်လိုသောကြောင့် ငြင်းပယ်ချင်မိသည်။
ဒါပေမယ့် အခုအရာအားလုံက မတူတော့ဘူး။ သူ့မသမီးလေးက တောင်းတာဆိုတော့ သူမက 'yes' လို့ပြောဖို့ စိတ်ကူးထားတယ်။
"အဲ့ဒါ ဘယ်သူလဲ?" ရှန်ယွီရှီးက သူတို့ဘာတွေပြောနေကြလဲဆိုတာ သိချင်နေလို့ မေးလိုက်တယ်။
ယန်ယန်ရှေ့မှာမို့လို့ ခန်းဝေကျန်းက သူ့ကို အများကြီး မရှင်းပြနိုင်ခဲ့ဘူး။
ရှန်ယန် ကျောင်းသွားပြီးနောက် ရှန်ယွီရှီးက ထပ်မေးခဲ့တယ်။
"ရီဂျွန်ချန်းက ဘယ်သူလဲ? ဘာလို့ ညီမလေးက သူ့ကို စာသင်ခိုင်းစေချင်တာလဲ? ညီမလေးက အိမ်မှာရှိတဲ့ တစ်စုံတစ်ယောက်ကိုများ မေ့နေတာလား?"
YOU ARE READING
Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)
Romantizmဆယ့်ခုနစ်နှစ်ကြာ ပျောက်ဆုံးခဲ့နေသော နာမည်ကြီးရှန်မိသားစု၏ အငယ်ဆုံးသမီးလေး ပြန်ရောက်လာပြီဖြစ်သည်။ ကျေးလက်မှ ဆွံ့အသော အဖွားတစ်ဦးမှ သူမကိုပျိုးထောင်ခဲ့ချိန်မှစ၍ သူမဘဝ ပျက်စီးသွားခဲ့ပြီဟု လူအများက ထင်မြင်ကြပြီး ရှန်မိသားစုကို သူမ မည်ကဲ့သို့ အရှက်ရစေမည်က...