လီမိန်သည် ကျောင်းသားအချို့၏အမည်များကို ဖတ်ပြပြီးနောက် သူမ၏အကြည့်များသည် ဟန်ကျင်းယွီ ထံကျရောက်လာသည်။ ဟန်းကျင်းယွီက ပထမနေရာကို မထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် အပြစ်တင်ခံရသင့်တယ်လို့ သူမ ခံစားခဲ့ရတယ်။ ဒါပေမယ့် တွေးကြည့်ပြီးတော့ သူမရဲ့အတွေးများကို မျိုချလိုက်ပြီး သူ့ကို အပြစ်မတင်ရဲခဲ့ပေ။ သူမရဲ့ မျက်လုံးက ရှန်ယွဲ့ဆီသို့ ရောက်သွားသည်။
"ရှန်ယွဲ့!"
ရှန်ယွဲ့က လန့်ဖျပ်သွားပြီး သတိလက်လွတ်ဖြင့် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
ကျောင်းသား တစ်ယောက်က မတ်တပ်ထရပ်ပြီး လီမိန်၏အမှားကို ထောက်ပြလာသည်။
"လီလောင်ရှီး ရှန်ယွဲ့က ဒီတခေါက် နတ်ဘုရားဟန်ကိုကျော်တက်ပြီး ပထမနေရာရခဲ့တာ မဟုတ်ဘူးလား"
"နင့်ကိုဘယ်သူပြောတာလဲ"
လီမိန်က ဖြတ်ပြောလိုက်သည်။
"အမှတ်ပြည့်ရခဲ့တဲ့သူက သူမဟုတ်သလို ငါတို့အတန်းထဲက တစ်ယောက်မှ မဟုတ်ဘူး"
ဟန်ကျင်းယွီ၏ အမြဲတည်ငြိမ်သော မျက်လုံးများပေါ်တွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ရိပ်ခနဲ့ဖြတ်သန်းသွားပြီး သူ့ဆံပင်များပင် ထောင်နေပုံရသည်။
သူ့ဘေးမှာ အိပ်ငိုက်နေတဲ့ သူ့ထိုင်ခုံဖော်တောင်မှ သူ့ရဲ့စိတ်အပြောင်းအလဲကို သတိပြုမိပြီး ချက်ချင်း လန့်နိုးသွားတယ်။
အဖြေလွှာများဝေပေးပြီးနောက် ရှန်ယွဲ့သည် 138 မှတ်သာရကြောင်းတွေ့ရှိခဲ့ပြီး သူမ၏မျက်နှာသည် ဖျော့တော့သွားခဲ့သည်။
"ဘုရားရေ လော့ရှု နင့်အမှတ်တွေက ဘာလို့ဒီလောက်တောင် တိုးတက်လာတာလဲ"
သူမ၏ ထိုင်ခုံဖော်ကို အခြားကျောင်းသားများက ဝိုင်းရံထားသည်။ ရမှတ် 130 ထက်မကျော်လွန်ဖူးသော လော့ရှုသည် ဤအကြိမ်တွင် အမှန်တကယ်ပင် 140 မှတ်ရရှိခဲ့သည်။ လော့ရှုက နားရွက်တက်ချိတ်မတတ်ပင် ပြုံးလိုက်သည်။
"မကြာခင်တုန်းက ငါ့အဖေက စာမေးပွဲမေးခွန်းတွေကို ကြိုတင်ခန့်မှန်းနိုင်တဲ့ ကျူရှင်ဆရာအသစ်ကို ရှာတွေ့ခဲ့တာလေ။ စာမေးပွဲမဖြေခင်ကတည်းက ဒီလိုမေးခွန်းမျိုးတွေ လုပ်ခဲ့ဖူးတယ်"
YOU ARE READING
Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)
Romanceဆယ့်ခုနစ်နှစ်ကြာ ပျောက်ဆုံးခဲ့နေသော နာမည်ကြီးရှန်မိသားစု၏ အငယ်ဆုံးသမီးလေး ပြန်ရောက်လာပြီဖြစ်သည်။ ကျေးလက်မှ ဆွံ့အသော အဖွားတစ်ဦးမှ သူမကိုပျိုးထောင်ခဲ့ချိန်မှစ၍ သူမဘဝ ပျက်စီးသွားခဲ့ပြီဟု လူအများက ထင်မြင်ကြပြီး ရှန်မိသားစုကို သူမ မည်ကဲ့သို့ အရှက်ရစေမည်က...