ခန်းဝေကျန်း မျက်မှောင်ကြုတ်လိုက်သည်။
ဒါဆို ရှန်ယွီရှီးက သူ့ညီမလေးကို လက်ဖက်ရည်နှစ်အိုးနဲ့ ရောင်းစားလိုက်ပေမယ့် သူကထိုနှစ်အိုးကို အချောင်ရလိုက်သလို ဂုဏ်ယူနေတယ်ပေါ့။
ဒီငတုံးကတော့!
သနားစရာကောင်းလိုက်တဲ့ ကောင်လေး။ ရှန်ယွီရှီးက သူ့အမေ စိတ်ဆိုးနေတာကို တွေ့လိုက်ရတော့ အံ့ဩသွားပေမယ့် ရီဂျွန်ချန်းက ဒီမှာရှိနေတုန်းမို့ သူမဒေါသကို မျိုသိပ်ထားလိုက်သည် ။ သူကျောချမ်းသွားပေမယ့် သူ့မားမား ဒေါသဖြစ်ရတဲ့ အကြောင်းရင်းကို အဖြေရှာမရသေးပေ။
ဒါက ညီမလေးရဲ့ ဆုံးဖြတ်ချက်လေ။ အခု သူနဲ့ရီဂျွန်ချန်းက သူ့ညီမလေးကို အတူတူ သင်ပေးနိုင်တယ်။ ဒါက အံ့ဩစရာ မဟုတ်ဘူးလား။
ခဏကြာတော့ ရှန်ယန် ပြန်ရောက်လာသည်။ ရီဂျွန်ချန်းက ယဉ်ကျေးစွာ ပြုံးလိုက်သည်။
" အန်တီ ခွင့်ပြုပါဦး ကျွန်တော့်တို့ စာသွားသင်လိုက်ဦးမယ်"
"ကောင်းပြီ ကောင်းပြီ"
ခန်းဝေကျန်းက လက်ချင်းယှက်ထားရင်း ကြင်နာတတ်တဲ့ အမေအိုကြီးတစ်ယောက်လို ပြုံးပြပေမယ့် လှေကားအဆုံးမှာ နှစ်ယောက်သား ပျောက်ကွယ်သွားတဲ့အခါ သူမရဲ့ အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး ရှန်ယွီရှီးကို လက်ညှိုးထိုးရင်း စိတ်တိုစွာ အော်လိုက်သည်။
"မင်း ငတုံးကောင်!"
အော်ဟစ်ရင်းနဲ့ ခြေထောက်ကို ဆောင့်နင်းလိုက်တယ်။
ဒါက သိုးတွေကို စားဖို့ အသင့်ပြင်နေတဲ့ ဝံပုလွေနဲ့ တူနေတယ်။
"မားမားကို ဒေါသထွက်အောင် သားဘာလုပ်လိုက်မိလို့လဲ" ရှန်ယွီရှီးက မတရားခံရသလို ခံစားလိုက်ရတယ်။ သူ ဘာမှတောင် မလုပ်ရသေးဘူးလေ။
"ထားလိုက်တော့"
ခန်းဝေကျန်ယသည် ဒေါသကြောင့် ခေါင်းကိုက်လာသည်။ ခုတော့ အရာအားလုံက ဖြစ်ပျက်သွားပြီ ဖြစ်တဲ့အတွက် သူမဟာ အဲဒါကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ထားလိုက်ပြီး ဘာတွေဖြစ်လာမလဲဆိုတာကိုပဲ စောင့်ကြည့်ရတော့မယ်။
YOU ARE READING
Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)
Romanceဆယ့်ခုနစ်နှစ်ကြာ ပျောက်ဆုံးခဲ့နေသော နာမည်ကြီးရှန်မိသားစု၏ အငယ်ဆုံးသမီးလေး ပြန်ရောက်လာပြီဖြစ်သည်။ ကျေးလက်မှ ဆွံ့အသော အဖွားတစ်ဦးမှ သူမကိုပျိုးထောင်ခဲ့ချိန်မှစ၍ သူမဘဝ ပျက်စီးသွားခဲ့ပြီဟု လူအများက ထင်မြင်ကြပြီး ရှန်မိသားစုကို သူမ မည်ကဲ့သို့ အရှက်ရစေမည်က...