အခန်း ၅၆
"တကယ်သာမှန်ရင် မစ္စကျန်းက ရှန်တွေကိုအများကြီးကူညီပေးခဲ့တာပဲ"
"ဒီလိုဆိုရင် မစ္စကျန်းက ဒီပရောဂျက်အသစ်မှာပါဝင်ပြီး တာဝန်ယူရလောက်တယ်"
ခန်းဝေကျန်းအတွက် ခက်ခဲအောင်ကြိုးစားရင်း လူတချို့ကပြောလိုက်တယ်။
ခန်းဝေကျန်း၏လက်ထောက်က သူမအား စိုးရိမ်တကြီးကြည့်နေသည်။ ဒီပရောဂျက်ကို စီအီးအိုခန်းက စီစဉ်ခဲ့တာ ဖြစ်ပြီး သူမရဲ့ ပင်ကိုစိတ်ကူးဉာဏ်ဖြစ်ပေမဲ့ အခုတော့ မင်ချီကြောင့် သူမရဲ့ ကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်တွေကို တခြားသူဆီ အပ်နှံရတော့မှာလား။
သူမသည် ဖိုင်များကို တင်းကျပ်စွာ ပွေ့ဖက်ကာ ကျန်းရှင်းရှီကို စိုးရိမ်စွာ စိုက်ကြည့်နေသည်။
စိအီးအိုခန်းသည် စီးပွားရေးနယ်ပယ်တွင် သူမရဲ့စိတ်မရှည်မှုကြောင့် နာမည်ကြီးသည်။ သူမကိုရှုပ်ဖို့ ဘယ်သူမှ မတတ်နိုင်ဘူး။
မထင်မှတ်စွာဖြင့် ခန်းဝေကျန်းသည် ခေါင်းကိုမော့ကာ ကျန်းရှင်းရီကိုကြည့်ပြီး
"ကောင်းပြီ မစ္စကျန်းက ရှန်မိသားစုဝင်တစ်ယောက်ပဲလေ။ ရှင့်ရဲ့အကူအညီကြောင့် ကျွန်မအတွက်ပိုပြီး သက်သာသွားတာပေါ့"
သူမပြောတာကို နားထောင်ရင်း သူမအကြောင်းကောင်းကောင်းသိတဲ့ လက်ထောက်က တုန်လှုပ်သွားတယ်။ စီအီးအိုခန်းက ရွဲ့နေတာလား။ မုန်တိုင်းမတိုက်ခင် ငြိမ်သက်နေခြင်းလား။
ထို့နောက် ကျန်းရှင်းရီသည် ပရောဂျက်နှင့်ပတ်သက်၍ စိတ်အားထက်သန်မှုနှင့် အာမခံချက်ဖြင့် ပြောဆိုခဲ့ပြီး ခန်းဝေကျန်းသည် သူမ၏ဒေါသမထွက်ခဲ့ပေ။။ သူမသည် ဗဟိုတွင်ထိုင်ကာ အစည်းအဝေး ပြီးဆုံးသည့်တိုင်အောင် သေချာနားထောင်ခဲ့သည်။
သို့သော် သူမ၏ လက်ထောက်ကလေးသည် အချိန်မရွေး ပေါက်ကွဲနိုင်သည့် ချိန်ကိုက်ဗုံးတစ်လုံး ရှိနေသကဲ့သို့ တစ်ချိန်လုံး ပင်အပ်နှင့် အပ်များပေါ်တွင် ရှိနေသည်။
စီအီးအိုခန်းက ဝုန်းဒိုင်းကြဲကာလွှင့်ပစ်မည့် အရှုပ်အထွေးတွေကို ရှင်းဖို့တောင် သူမ ပြင်ဆင်ထားခဲ့ပါတယ်။
YOU ARE READING
Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)
Romanceဆယ့်ခုနစ်နှစ်ကြာ ပျောက်ဆုံးခဲ့နေသော နာမည်ကြီးရှန်မိသားစု၏ အငယ်ဆုံးသမီးလေး ပြန်ရောက်လာပြီဖြစ်သည်။ ကျေးလက်မှ ဆွံ့အသော အဖွားတစ်ဦးမှ သူမကိုပျိုးထောင်ခဲ့ချိန်မှစ၍ သူမဘဝ ပျက်စီးသွားခဲ့ပြီဟု လူအများက ထင်မြင်ကြပြီး ရှန်မိသားစုကို သူမ မည်ကဲ့သို့ အရှက်ရစေမည်က...