အခန်း ၅၅
"ဝေကျန်း" ကျန်းရှင်းရီ ပြုံးလိုက်တယ်။ သူမသည် ခန်းဝေကျန်းကို "ယောင်းမ" ဟုအပြင်တွင် ခေါ်ခဲသည်။
သူတို့နှစ်ယောက်က တက္ကသိုလ်မှာအတန်းဖော်တွေမို့လို့ ကျန်းရှင်းရီက သူတို့နှစ်ယောက်က တန်းတူညီတူပဲလို့တွေးခဲ့သည်။
"အိုး ဟိုင်း" မျက်နှာသေဖြင့် ခန်းဝေကျန်းက သူမကိုတစ်ချက်တောင်မကြည့်ပဲ ဒေါက်မြင့်ဖိနပ်ဖြင့်ဆက်လျှောက်သွားသည်။
သို့သော် သူမဘေးမှလက်ထောက်ကတော့ သူမတို့ဖြတ်သွားစဥ် ကျန်းရှင်းရီကိုကြည့်နေသည်။
ကျန်းရှင်းရီ သုန်မှုန်သွားသည်။ သူမတို့ကအတန်းဖော်ဖြစ်ခဲ့ဖူးသည်။ သူမက ဒီလောက်ထိနှိမ့်ချခံရမှာလား။
သို့သော်လည်း သူကမည်သည့်ပုံစံမှမပြပဲ အစည်းအဝေးခန်းဆီသို့ အတူတူလျှောက်သွားလိုက်သည်။
အစည်းအဝေးခန်းတွင် ဘုတ်အဖွဲ့ဝင်များက ခန်းဝေကျန်း၏စီမံခန့်ခွဲမှုစွမ်းရည်ကို လေးစားပုံရပြီး မည်သူကမျှသူမအား ကန့်ကွက်ခြင်းမပြုကြချေ။
ရှန်ယူနှင့် ခန်းဝေကျန်းတို့၏ စီမံခန့်ခွဲမှုအောက်တွင် သုံးနှစ်အတွင်း ရှန်လုပ်ငန်းစု၏ စွမ်းဆောင်ရည်သည် နှစ်ဆတိုးတက်ခဲ့သည်။ ဟုတ်ပါတယ် လူအနည်းစုက သူတို့ရဲ့ ခေါင်းဆောင်မှုကို မယုံကြည်ပေမယ့် အဲဒါကို မပြဝံ့ကြပေ။
"ဆေးဘက်ဆိုင်ရာကဏ္ဍမှာ လာမယ့်နှစ်မှာ စတင်မိတ်ဆက်တာက ကျွန်မတို့ရဲ့ အဓိကပရောဂျက်ဖြစ်ပြီး စက်မှုလက်မှုလုပ်ငန်းကို ဖြတ်ကျော်အောင်မြင်ဖို့ ကျွန်မတို့အတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါ..." ခန်းဝေကျန်းစကားပြောနေစဥ် တစ်စုံတစ်ဦးကတစ်ဝက်မှာဖြတ်ပြောလိုက်တယ်။
"ခဏနေပါဦး စီအီးအိုခန်း"
ရုတ်တရက်နှောင့်ယှက်ခံလိုက်ရသော ခန်းဝေကျန်းသည် ချက်ချင်းပင်လွှမ်းမိုးချုပ်ကိုင်တတ်သော အရှိန်အဝါများထွက်ပေါ်လာပြီး သူမရဲ့စူးစူးရဲရဲစိုက်ကြည့်မှုအောက်တွင် ကျန်းရှင်းရီသည် ရုတ်တရက်အေးခဲသွားပြီး သူမပြောမည့်စကားများကိုမေ့သွားသည်။
YOU ARE READING
Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)
Romanceဆယ့်ခုနစ်နှစ်ကြာ ပျောက်ဆုံးခဲ့နေသော နာမည်ကြီးရှန်မိသားစု၏ အငယ်ဆုံးသမီးလေး ပြန်ရောက်လာပြီဖြစ်သည်။ ကျေးလက်မှ ဆွံ့အသော အဖွားတစ်ဦးမှ သူမကိုပျိုးထောင်ခဲ့ချိန်မှစ၍ သူမဘဝ ပျက်စီးသွားခဲ့ပြီဟု လူအများက ထင်မြင်ကြပြီး ရှန်မိသားစုကို သူမ မည်ကဲ့သို့ အရှက်ရစေမည်က...