"ဒီထက် ပိုခက်တာရှိသေးလား"
ရှန်ယန်၏ လေသံသည် ပေါ့ပါးပြီး ငြိမ်သက်နေသည်။
သူမ၏ယခင်ဘဝတွင် သူမသည်ကျန်းမာရေးညံ့ဖျင်းပြီးအသက်ရှုရုံမျှဖြင့်ပင် ပင်ပန်းနွမ်းနယ်မှုကို ခံစားရလိမ့်မည်။ သူမရဲ့ အိုင်ကျူက အလွန်မြင့်မားပေမယ့် ဘာမှလုပ်လို့မရလောက်အောင် ရုပ်ပိုင်းဆိုင်ရာ အားနည်းခဲ့ပါတယ်။
သူမသည် ကျွမ်းကျင်မှုအသစ်များကို သင်ယူပြီး အခက်များကိုဖြေရှင်းရင်ဖြင့် ရရှိလာသောအောင်မြင်မှုများကို ကျေနပ်လေ့ရှိသည်။ ထို့ကြောင့် သူမသည် ယခုဘဝတွင် သင်ယူလေ့လာမှုအပေါ်မှာ စိတ်အားတက်ကြွလျက်ရှိသည်။
"ခဏလေး... ခဏလေး..."
ဖန်းသော်သည်လက်ထဲရှိ Rubik's Cubeက တဖြည်းဖြည်း ပူလာသလိုခံစားလိုက်ရသည်။ သူမသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် တုန်ရီနေသော လက်ချောင်းများနှင့် ဖုန်းကို ဆွဲထုတ်ရန် အချိန်အတော်ကြာယူခဲ့ရသည်။ ထို့နောက် ဘရောက်ဆာကိုဖွင့်ကာ အမြန်ရှာဖွေခဲ့သည်။
"တွေ့ပြီ!"
ရှန်ယန်တချက်ကြည့်လိုက်တော့ ဖုန်းရဲ့မျက်နှာပြင်တွင် "မင်းရဲ့အရင်ဘဝက ချစ်သူက ဘယ်သူလဲ" ဆိုပြီး ပေါ်နေတာကို တွေ့လိုက်ရတယ်။ ဖန်းသော်က ထိုဉာဏ်စမ်းကိုပြီးမြောက်သွားခဲ့ပြီး ၄င်းသည် သူမစုဆောင်းထားခဲ့သည်များထဲမှတစ်ခုဖြစ်သည်။
"ဒါ မဟုတ်ဘူး။ ဒီဝဘ်ဆိုဒ်ပေါ်က စမ်းသပ်မှုတွေက အရမ်းတိကျတယ်။" ဖန်းသော်က မတူညီသော ဉာဏ်စမ်းတစ်ခုကို ရွေးလိုက်ပြီး
"ဒါကို လုပ်ရအောင်!"
ခေါင်းစဉ်မှာ "IQ Test" ဖြစ်သည်။
သူမ၏ စားပွဲဖော်အသစ်သည် လှပရုံသာမက IQ အလွန်မြင့်မားမည်ဟုလည်း သူမ ခံစားခဲ့ရသည်။
*
ဖန်းသော် သူ့ဆီလာတာတာ တွေ့တော့အိုးယဲ့က ပြုံးပြီးပြက်ရယ်ပြုလိုက်သည်။
"ဘာလဲ အရှုံးကိုဝန်ခံဖို့ ရောက်လာတာလား.."
ဖန်းသော်သည် စိတ်လှုပ်ရှားမှုကင်းသော မျက်နှာဖြင့် လျှောက်လာပြီး ကြီးကျယ်မြင့်မြတ်သောအမူအရာနှင့် Rubik's Cube ကိုသူ့စားပွဲပေါ်တင်လိုက်သည်။
YOU ARE READING
Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)
Romansaဆယ့်ခုနစ်နှစ်ကြာ ပျောက်ဆုံးခဲ့နေသော နာမည်ကြီးရှန်မိသားစု၏ အငယ်ဆုံးသမီးလေး ပြန်ရောက်လာပြီဖြစ်သည်။ ကျေးလက်မှ ဆွံ့အသော အဖွားတစ်ဦးမှ သူမကိုပျိုးထောင်ခဲ့ချိန်မှစ၍ သူမဘဝ ပျက်စီးသွားခဲ့ပြီဟု လူအများက ထင်မြင်ကြပြီး ရှန်မိသားစုကို သူမ မည်ကဲ့သို့ အရှက်ရစေမည်က...