Chapter 46

815 85 0
                                    


"ဟမ့်..." အတန်းတစ်မှ ကျောင်းသားတစ်ဦးက အတန်းခုနစ်အားပြောလိုက်သည်။

"အမျိူးသမီးတွေကို ဦးစားပေးလိုက်တာလေ။ ငါတို့အတန်းက ဘယ်လို လူကြီးလူကောင်းဆန်​ရမလဲသိတယ်လေ"

ဖန်းသော်က လက်နှစ်ဖက်ကို ဆန့်ထုတ်ရင်းပြောလိုက်သည်။

"အိုး ဒါဆို ဒီပြိုင်ပွဲရဲ့ ရလဒ်ကို ထည့်မတွက်ဘူးလို့ ဆိုလိုတာလား။

"ဘယ်ဟုတ်မပါ့လဲ! ​ကျောက်ပျောင်နဲ့ နောက်တစ်ကြိမ်ယှဉ်ပြိုင်ဖို့ ကောင်လေးတစ်ယောက်ကို စေလွှတ်သင့်တယ်။"

"ဘာလို့လဲ? နင့်အတန်း အနိုင်မရမချင်း ပြိုင်ပွဲရဲ့ရလဒ်ကို ထည့်မတွက်ဘူး​တော့ဘူးလား"

အတန်းနှစ်​​တန်းက ရန်​ဖြစ်​ပြန်​သည်​။ ထိုအချိန်တွင် ကာယဆရာက လမ်းလျှောက်လာပြီး ပြောလိုက်တယ်။

"ဟေ့ ရန်ဖြစ်နေကြတာ ရပ်လိုက်တော့"

ကျောင်းသားတွေ ပါးစပ်ပိတ်ထားပေမယ့် မျက်လုံးတွေနဲ့ တိတ်တိတ်လေး ရန်ဖြစ်နေကြတယ်။ တစ်ယောက်ကိုတစ်ယောက် စူးစူးဝါးဝါးကြည့်ရင်း လျှပ်စီးလက်ပြီး မိုးခြိမ်းသံများ ထွက်လာပုံရသည်။

သူ့နောက်ကျောမှာ လက်နှစ်ဖက်ပစ်ထားရင်း ကာယဆရာက ရှန်ယန်ကို ညင်သာစွာ မေးတယ်။

"မင်းနာမည်ဘယ်လိုခေါ်လဲ"

သူသည် အခြားကျောင်းသားအားလုံးကို သိသော်လည်း ဒီမိန်းကလေးကိုတော့မသိပေ။ သူမသည် ကျောင်းသူသစ်ဖြစ်ပုံရသည်။

ဟုတ်တယ်။ သူမက ဒီကျောင်းမှာ အသစ်မဟုတ်ရင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်တည်းက ဒီလိုပါရမီရှင်မျိုးကို သူတွေ့ဖူးလိမ့်မယ်။

"လောင်ရှီး သူ့နာမည်က ရှန်ယန်ပါ" ဖန်း​သော်၏ မျက်လုံးများ တောက်ပလာသည်။

"အိုး ရှန်ယန်" ကာယဆရာက ကျောင်းသားတိုင်းရှေ့မှာ မေးလိုက်တယ်။

"မင်းက လမ်းကြောင်းနဲ့ ကွင်းဆင်းကျောင်းသားဖြစ်ဖို့ စိတ်ဝင်စားလား"

အဲဒါကိုကြားတော့ ကျောက်ပျောင်က ခဏလောက်တုံ့ဆိုင်းသွားပြီး ပြောလိုက်တယ်။

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now