Chapter 10

1.1K 118 0
                                    


ရီဂျွန်ချန်းသည် သူမ၏ လျစ်လျူရှုမှုကို အချိန်အတော်ကြာသည်အထိကြုံတွေ့လာရပြီး နောက်ပိုင်း ကျင့်သားရလာခဲ့သည်။ သူသည် မြင့်မားသောစကျင်ကျောက် ပလက်ဖောင်းပေါ်မှ သွက်သွက်လက်လက် ခုန်ဆင်းလိုက်ကာ အ​မွှေးရနံပါသောဘူးကိုကိုင်ကာ ကျောက်စားပွဲဆီသို့ တည့်တည့် လျှောက်သွားသည်။

သူ ရှက်ရွံ့စွာ ပြုံးလိုက်သည်။ တစ်နေ့မှာ သူမိန်းကလေးတစ်ယောက်ကို ဆွဲဆောင်ချင်တဲ့အခါ သူ့ရဲ့ချောမောတဲ့ မျက်နှာနဲ့ ဆွဲဆောင်မှုရှိသော အသံတို့က ထိုဘူးလေးလောက်တောင် အသုံးမဝင်ဖြစ်လိမ့်မယ်လို့ မ​မျှော်လင့်မိခဲ့ဘူး။

"မင်း ဒါကို စိတ်ဝင်စားလိမ့်မယ်ဆိုတာ ကိုယ်သိတယ်။ ဒါက အမွှေးနံ့သာဖော်နည်းလေ"

ရီဂျွန်ချန်း၏ သွယ်လျသော လက်ချောင်းထိပ်များကြားတွင် စာရွက်ပါးပါးလေး ညှပ်ထားသည်။ သူ၏ ပေါ့ပေါ့ပါးပါး အပြုံးသည် ပန်းချီကားတစ်ချပ်လို လှပနေပါသည်။

ရှန်ယန်က ဒီလိုအရာအသစ်အဆန်းတွေကို သဘောကျတယ်။ ရီဂျွန်ချန်းသည် သူမ၏ အားနည်းချက်ကို ထိမိခဲ့ကြောင်း သိလိုက်သည်။သူမ၏ ပယင်း​ရောင်မျက်လုံးများသည် သူ့အားကြည့်စဥ်ကထက်ပင် ပိုမိုတောက်ပလာပြီး သူမ၏ လျစ်လျူရှုသော အသွင်အပြင်သည် ရုတ်တရက်ပြောင်းလဲသွားသည်။

ဒါကိုမြင်တော့ သခင်လေးရီက သက်ပြင်းချလိုက်ပြီး တော်တော်စိတ်ပျက်သွားတယ်။

"ဘယ်လောက်လဲ? ကျွန်မရှင့်ကိုပေးမယ်။"

ရှန်ယန်သည် အကန့်အသတ်နှင့်ထုတ်ထားသော black card ကိုယူလိုက်သည်။ ၄င်းတွင် အကန့်အသတ်မဲ့သော ငွေပမာဏရှိသည်။

"မဟုတ်ဘူး ဒါကို ကိုယ့်အသက်ကို ကယ်တင်​ပေးတဲ့ ဆုတစ်ခုအနေနဲ့ ယူလိုက်ပါ"

"ဒါပေမယ့်..."

ရီဂျွန်ချန်းသည် ကျောက်စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး ပုတ်လိုက်ပြီး မျက်လုံးများကို မြင့်လိုက်ကာပြောလိုက်သည်။

"ဒီ​ဖော်စပ်နည်းက ကမ္ဘာပေါ်မှာ တစ်ခုပဲရှိတာ မင်း မလိုချင်ဘူးဆိုတာ သေချာလား.."

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now