ရှန်ယန်ရဲ့စိတ်က ရှုပ်ထွေးသွားသည်။
သူမသည် ယခင်ဘဝက ကျန်းမာရေးညံ့ဖျင်းခဲ့ပြီး လွန်ခဲ့သောတစ်နှစ်ခန့်က ဤခန္ဓာကိုယ်ထဲသို့ ကူးပြောင်းလာချိန်မှစ၍ အရာမျိုးစုံကို သင်ယူရင်း အလုပ်ရှုပ်နေသောကြောင့် ကမ္ဘာကြီး၏စည်းမျဥ်းများကို သူမသိပ်မသိခဲ့ပေ။
သူမရဲ့အမြင်အရတော့ ဒါဟာ ခေါင်းစည်းကြိုးတကွင်းမျှသာပင်။ ရီဂျွန်ချန်းကို ဘာလို့ မပေးသင့်တာလဲ။
ထို့နောက် သူမ တစ်ခုခုကို သဘောပေါက်သွားသည်။
"ဟုတ် သမီး သိပြီ"
ခန်းဝေကျန်းပေးခဲ့တဲ့ ခေါင်းစည်းကြိုးက အရမ်းစျေးကြီးတာကြောင့် ခန်းဝေကျန်းက အခြားသူတွေကို မပေးခိုင်းခဲ့တာလို့ သူမထင်သွားသည်။ ၄င်းတွင်း စိန်အနည်းငယ်တောင် ထည့်ထားခဲ့သည်။
နောက်တစ်ခါကျရင်တော့ သူမပိုင်တဲ့ ပစ္စည်းတစ်ခုခုကိုပဲ ပေးရမယ်။
**
"အတန်းခုနစ်ရဲ့ အတန်းဖော်သစ်က အရမ်းလှတာပဲ"
"သူမရဲ့ အိုင်ကျူက နှစ်ရာ့လေးဆယ်ရှိတယ်ဆိုပြီး ငါကြားထားတယ်"
ထိုသတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး အချိန်တိုအတွင်း လူအများကြားသို့ ရောက်ရှိသွားသောကြောင့် ရှန်ယန်က အာရုံစူးစိုက်မှုဗဟိုချက်ဖြစ်လာပြန်သည်။
သူမဟာ မနေ့ကမှ ကျောင်းစတက်ခဲ့ပေမယ့် ပထမနေ့မှာတင် သူမရဲ့ ရင်သပ်ရှုမောဖွယ် အလှကြောင့် နာမည်ကြီးလာပြီး ဒုတိယနေ့မှာတော့ သူမရဲ့ အိုင်ကျူမြင့်မားမှုအတွက် အာရုံစိုက် ဆွေးနွေးလာခဲ့ပါတယ်။ နှစ်ရက်အတွင်းမှာပဲ သူမဟာ ကျောင်းမှာ နာမည်ကြီးတစ်ယောက်ဖြစ်လာခဲ့တယ်။
ကျောင်းသတင်းစာက ဒီအတန်းဖော်အသစ်ကို အင်တာဗျူးချင်ပေမယ့် သူမကငြင်းဆိုခဲ့တယ်။ သူမရဲ့ အကြောင်းပြချက်ကတော့ သူမ အရမ်းအလုပ်ရှုပ်နေလို့ပါတဲ့။
"ဟမ့် သူမက ကျောင်းသူသစ်ဆိုပေမယ့် မာနကမိုးပေါ်မြောက်နေတယ် ကျောင်းသတင်းစာက သူမကို အင်တာဗျူးချင်တဲ့ အတွက်တောင် ဂုဏ်ယူနေရမှာကို..." ဟု ကျောင်းသူတစ်ဦးက ခပ်ချဉ်ချဉ်ဖြင့် ပြောလိုက်သည်။ ထိုကျောင်းသူ ကျောင်းသတင်းစာမှာ အင်တာဗျူးဖြေခွင့်ရဖို့ နှစ်နှစ်လောက်ကြိုးစားခဲ့ပေမယ့် လျစ်လျူရှုခြင်းသာ ခံခဲ့ရသည်။
YOU ARE READING
Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)
Romantikဆယ့်ခုနစ်နှစ်ကြာ ပျောက်ဆုံးခဲ့နေသော နာမည်ကြီးရှန်မိသားစု၏ အငယ်ဆုံးသမီးလေး ပြန်ရောက်လာပြီဖြစ်သည်။ ကျေးလက်မှ ဆွံ့အသော အဖွားတစ်ဦးမှ သူမကိုပျိုးထောင်ခဲ့ချိန်မှစ၍ သူမဘဝ ပျက်စီးသွားခဲ့ပြီဟု လူအများက ထင်မြင်ကြပြီး ရှန်မိသားစုကို သူမ မည်ကဲ့သို့ အရှက်ရစေမည်က...