Chapter 59

526 53 0
                                    

အခန်း ၅၉

ဝမ်းနည်းရာကောင်းလိုက်တာ။ တခြားတစ်ယောက်ရှိနေသေးတယ်။

ဖန်းသော်က ဝမ်းနည်းစွာ တွေးနေသည်။

ရှန်ယန်က သူမ၏ မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်တယ်။

"ဒါပေမယ့် အဲဒီလူက အရမ်းကြည့်ကောင်းတယ်။ နင့်ရဲ့ အရသာနဲ့ ကိုက်ညီလောက်တယ်"

"တကယ် တကယ်လား?" ဖန်းသော်သည် စိတ်လှုပ်ရှားနေပြီး သူမ၏ မျက်လုံးများ တောက်ပနေကာ အဓိပ္ပါယ်ရှိသော အပြုံးကို ပြသခဲ့သည်။

"အိုး၊ သူက နင့်ရဲ့ရည်းစားလား"

"မဟုတ်ဘူး... သူက အသက်သုံးဆယ်လောက်ရှိပြီ"

"အာ? အဲဒါဆို အဘိုးကြီးပဲ" ဖန်းသော်က လူငယ်များကို ကြိုက်နှစ်သက်သည်။ အိုးယဲ့က သူမအကြိုက်များကို မထီမဲ့မြင်ပြုနေသော်လည်း သူမသည်ဖျော်ဖြေရေးနယ်ပယ်မှ အသက်နှစ်ဆယ်အရွယ် 'လတ်ဆတ်သောအသား' ဖြစ်သော နားတစ်ဖက်တွင်အနက်ရောင်နားကပ်ကိုဝတ်ဆင်ကာ အင်းအားအပြည့်ကတတ်သောသူမျိုးကိုသဘောကျသည်။

အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦးက ဦးလေးအရွယ်ဖြစ်နေပြီဖြစ်သည်။ သူ ဘယ်လောက်ပဲ ကြည့်ကောင်းနေပါစေ၊ သူက "အသားလတ်လေး" တွေလောက် ချစ်စရာကောင်းမှာ မဟုတ်ဘူး။

"အဘိုးကြီး ဘယ်သူလဲ" အရပ်ရှည်ရှည်သွယ်သွယ် အနက်ရောင်နေကာမျက်မှန်တပ်ထားသော အမျိုးသားတစ်ဦးသည် ရုတ်တရက် သူတို့ရှေ့တွင် ရပ်နေရင်း မျက်ဘီလူးနောက်မှမျက်လုံးများနှင့် ဖန်းသော်ကိုမျက်မှောင်ကြုတ်ကာကြည့်နေသည်။

ဒီမိန်းကလေးက ဘယ်သူလဲ။ ရှန်ယန်လေးရဲ့ ရှေ့မှာ သူ့အကြောင်း မကောင်းကြောင်းပြောဖို့ သတ္တိရှိနေတာလား။

အတင်းပြောနေတာကို ချက်ချင်းဖမ်းမိသွားသော ဖမ်ဖန်းသော်က ရှက်ရွံ့စွာ ခေါင်းငုံ့ထားသည်။

အသံက ရင်းနှီးနေပေမယ့် သူမက ထိုထက်ပိုပြီး မတွေးရဲ့ခဲ့ဘူး။

"ကောင်းပြီ သူရောက်နေပြီ" ရှန်ယန်က ပြောသည်။ ထို့နောက် "အဘိုးကြီး" က အနက်ရောင်ကားတစ်စီးထဲသို့ သူမတို့ကိုခေါ်သွားခဲ့သည်။

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now