ကျောက်ပျောင်က အံ့အားသင့်စွာဖြင့် ရှေ့ကို လှမ်းကြည့်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
ငါ-ို လိုး ငါ့ကို ကျော်သွားပြီဟ!
"ဝူးးးး"
"ကျောက်ပျောင် မင်း ဒီထက်ပိုကြိုးစားနိုင်မလား"
ပေါက်ကွဲမတတ် လှောင်ပြောင်သံများ ထွက်ပေါ်လာသည်။
ထိုလှောင်ပြောင်သံများကိုကြားသောအခါ ကျောက်ပျောင်သည် သူ့လက်များကို ပြင်းပြင်းထန်ထန်လှည့်လိုက်ပြီး ကြွက်သားများက တင်းမာလာသည်။ ကောင်မလေးတစ်ယောက် သူ့ကို ကျော်သွားတာက သူ့အတွက် အကြီးမားဆုံး အရှက်ရမှုပင်!
သူသည် ခွန်အားကို စတင်အသုံးပြုခဲ့ပြီး ကျောက်ပျောင် အရှိန်အဟုန်မြှင့်နေသည်ကို လူတိုင်းတွေ့မြင်ခဲ့ရသည်။ အတန်းတစ်၏ အားပေးသံများ ပြင်းထန်လာသည်။
အိုးယဲ့ကို ကျောင်းသားနှစ်ဦးက ကျောင်းဆေးခန်းဆီ ခေါ်ဆောင်သွားခဲ့ပြီး ဖန်းသော်က ကျန်ရစ်ခဲ့သည်။ ဒီမြင်ကွင်းကိုမြင်လိုက်တာနဲ့ သူမက ချက်ချင်းပဲ အော်ပြောလိုက်သည်။
"အတန်းဖော် ရှန်ယန်လို မိန်းကလေးတစ်ယောက်က ငါတို့အတွက် ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေတယ်။ သူ့ကို အားပေးကြရအောင်!"
"အင်း!" ကောင်မလေးများ စိတ်လှုပ်ရှားလွန်းလို့ မျက်လုံးတွေ စိုစွတ်သွားသည် ။ ရှန်ယန်က သူတို့အတွက် စံပြတစ်ယောက်ပါ။
ပြီးတော့ ကောင်လေးတွေက စောစောက အိုးယဲ့ရဲ့နေရာမှာ အစားဝင်မပြေးခဲ့အတွက် ရှက်မိကြပြီး ဒီအပြစ်ရှိစိတ်ကို ခွန်အားအဖြစ် ပြောင်းလဲပစ်လိုက်တယ်။
အတန်းခုနစ်သည် အော်ဟစ်အားပေးသံများနှင့်အတူ ဆူနာမီရေလှိုင်းထဲသို့ ထိုးဖောက်ဝင်ရောက်ကာ အတန်းတစ်၏အသံများကို လုံးဝတိမ်မြုပ်သွားစေခဲ့သည်။
"ဟမ့်? အသံပိုကျယ်တာနဲ့ပဲ အနိုင်ရနိုင်မှာ မဟုတ်ဘူး" ကောင်မလေးတစ်ယောက်က ရေရွတ်ပြီး ရှန်ယွဲ့ကိုကြည့်တယ်။
"ယွဲ့ယွဲ့ နင်လည်းအဲ့လို ထင်တယ်မလား"
ရှန်းယွဲ့ အနည်းငယ် ခေါင်းညိတ်ပြသော်လည်း သူမမျက်လုံးများကတော့ အပြေးလမ်းကြောင်းမှ အဝေးသို့ မကြည့်ခဲ့ပေ။
YOU ARE READING
Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)
Romanceဆယ့်ခုနစ်နှစ်ကြာ ပျောက်ဆုံးခဲ့နေသော နာမည်ကြီးရှန်မိသားစု၏ အငယ်ဆုံးသမီးလေး ပြန်ရောက်လာပြီဖြစ်သည်။ ကျေးလက်မှ ဆွံ့အသော အဖွားတစ်ဦးမှ သူမကိုပျိုးထောင်ခဲ့ချိန်မှစ၍ သူမဘဝ ပျက်စီးသွားခဲ့ပြီဟု လူအများက ထင်မြင်ကြပြီး ရှန်မိသားစုကို သူမ မည်ကဲ့သို့ အရှက်ရစေမည်က...