Chapter 53

671 59 0
                                    

အခန်း ၅၃

သူမသည် ထိုကဲ့သိုတိုက်ရိုက်ပြောဖို့ကို အနည်းငယ်စိတ်မသက်မသာဖြစ်နေသော်လည်း မင်ချီစိတ်မရှည်တော့တာကို မြင်လိုက်ရသဖြင့် အနည်းငယ်တံတွေးမျိုချကာ တဲ့တိုးပြောလိုက်သည်။

"ကျွန်မတို့က ရှင်နဲ့ပူးပေါင်းချင်လို့ပါ"

အဲ့ဒါကိုကြားတော့ အားလုံးကထိတ်လန့်သွားကြတယ်။

ဒါက ကျန်းရှင်းရီဖြစ်လိုတဲ့ ဆန္ဒပဲ။

‌ဒေါက်တာမင်သည် မြို့တော်ရှိနာမည်ကြီးလုပ်ငန်းကြီးများမှ ကမ်းလှမ်းသောသံလွင်ခက်များကိုပင် လက်မခံခဲ့ချေ။ ရှန်လုပ်ငန်းစုနဲ့ပူးပေါင်းမယ်ဖို့ သဘောတူမယ်ဆိုပြီး သူမကဘာကယုံကြည်ချက်ရှိစေတာလဲ။

ဂုဏ်ပြုညစာစားပွဲတစ်ခုလုံး တိတ်ဆိတ်သွားကာ ကျန်းရှင်းရီကိုထိတ်လန့်သွားစေသည်။ သူမနောက်ဆုံးမှရလာတဲ့ အခွင့်အရေးပျက်ဆီးသွားမှာကိုကြောက်နေတယ်။

ရှန်ယွဲ့ကတော့ မင်ချီကသူမတို့ကို အထူးဂရုစိုက်ပြီးဆက်ဆံနေတာကြောင့် ပျော်ရွှင်မှုထဲတွင်နစ်မြှုပ်နေခဲ့သည်။

ကံဆိုးခြင်းကလည်း ဖုံးကွယ်ထားသောကံကောင်းမှုတစ်ခုဖြစ်နိုင်သည်။ ရှန်ယန်ပြီးမှ ဒုတိယရွေးချယ်မှုအဖြစ်အမြင်ခံရတော့ရော ဘာဖြစ်လဲ။

အဲ့ဒါက အစီအစဥ်တင်ဆက်သူနေရာသာဖြစ်ပြီး အခုကမူသူမ ဒေါက်တာမင်နဲ့တွေ့ပြီး သူကသူမကိုအထူးအလေးပေးဆက်ဆံခဲ့တယ်။

ခဏ‌လောက်ကြာပြီးနောက် မင်ချီကတည်ငြိမ်အေးဆေးစွာပြောလိုက်တယ်။

"ကျွန်တော်စဥ်းစားကြည့်လိုက်မယ်။ ရှန်လုပ်ငန်းစုရဲ့အထောက်အထားကိုစစ်ဆေးပြီးရင် ဆုံးဖြတ်ပေးမယ်။"

ကျန်းရှင်းရီက အရမ်းပျော်သွားတယ်။ သူနဲ့ဆက်ဆံရေးတစ်ခုမတည်ဆောက်ခင်တုန်းက ‌ဒေါက်တာမင်ကိုသိခွင့်ရဖို့ မျှော်လင့်ချက်နဲ့ဒီနေ့သူမလာခြင်းဖြစ်သည်။ ‌ဒေါက်တာမင်ဆီက 'ကျွန်တော် စဥ်းစားကြည့်လိုက်မယ်' ဆိုပြီးပြောတာကို ဘယ်တုန်းကမှမမျှော်လင့်ထားခဲ့မိပေ။

ရှန်လုပ်ငန်းစု၏အရည်အချင်းများနှင့် ပတ်သက်၍ ပြဿနာများမရှိသည့်အတွက် ဒေါက်တာမင်သည် သူမတို့နှင့် သဘောတူညီလုနီးပါးဖြစ်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now