Chapter 39

951 103 0
                                    


အရပ်ရှည်ရှည်ပုံရိပ်တစ်ခုက သူ့ရှေ့မှာ အမြန်ရပ်လိုက်သည်။

"မင်းက ရီဂျွန်ချန်းလား?"

သူ့လေသံက ဒေါသထွက်​နေတယ်။ ရီဂျွန်ချန်းက သူ့ကို စိတ်ဆိုးအောင် တစ်ခုခု လုပ်ထားပုံရသည်။

သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ရီဂျွန်ချန်းသည် မျက်လုံးများကို ​မြင့်ကြည့်လိုက်ရာ ထိုလူသည် ရှန်ယန်နှင့် ခပ်ဆင်ဆင်တူသည်ကို တွေ့လိုက်ရသည်။ သူက ဒီလူရဲ့ လက္ခဏာကို ချက်ချင်း ခန့်မှန်းပြီး အေးအေးဆေးဆေး ပြုံးလိုက်တယ်။

ရှန်ယွီရှီး မှင်တက်မိသွားသည်။ အိမ်နီးနားချင်းအသစ်ရှိနေပြီဟုသာ မားမားကပြောခဲ့သော်လည်း ဤအိမ်နီးနားချင်းအသစ်သည် အလွန်ကြည့်ကောင်းသည်ဟု မပြောခဲ့ပေ။

"ဟုတ်တယ်"

ထိုလူသည် မျက်တောင်ခတ်လိုက်ကာ သူ့မျက်လုံးများပေါ်တွင် အလင်းရောင်မှိန်မှိန်လေး ရိပ်ခနဲ တောက်ပလာသည်။ သူက ရှန်ယွီရှီး၏ဒေါသကို သတိမထားမိသလို ပြုံးနေသည်။

ရှန်ယွီရှီး အံ့သြသွားပြန်သည်။ သူ ဘယ်လိုလုပ် တည်ငြိမ် နေသေးတာလဲ?! ငါက သူ့ကို အရမ်း ရန်လိုနေတယ်ဆိုတာ သူ သတိမထားမိဘူးလား?

"ငါက ရှန်ယန်ရဲ့ တတိယအစ်ကိုပဲ"

ရှန်ယွီရှီးသည် ကျောက်စားပွဲကို လက်ဖြင့် ထုကာ ပြင်းထန်သော အသံထွက်ရန် ကြိုးစားလိုက်သည်။

"မင်းထိုင်ပြီး လက်ဖက်ရည်သောက်ချင်လား"

ရီဂျွန်ချန်း ပြောလိုက်​တော့ ​ကောင်းဖန်က သစ်ပင်အနောက်ကနေ ထွက်သွားပြီး ရှန်ယွီရှီး အတွက် လက်ဖက်ရည်တစ်ခွက် လောင်းထည့်လိုက်တယ်။

ရှန်ယွီရှီး အံသြသွားသည်။ ဒီလူက သစ်ပင်နောက်မှာ ဘယ်တုန်းက ရပ်နေတာလဲ။ ဒါကို သူဘာလို့ သတိမထားမိတာလဲ။

ကြောက်ဖို့ ကောင်းလိုက်တာ။ သူ့ကျောရိုးက ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရတယ်။

သို့သော် ဤလူသည် သူ့အပေါ် အတော်လေး ယဉ်ကျေးပုံပေါက်နေသောကြောင့် ရှန်ယွီရှီးသည် မှုန်ကုပ်ကုပ်သာဖြင့် ထိုင်နေသည်။

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now