နှစ်ပေါင်းများစွာကြာအောင် သူမသည် ကျော်ကြားသော ရှန်မိသားစု၏ တစ်ဦးတည်းသော မိန်းကလေးဖြစ်ခဲ့သည်။ သူမရဲ့ဝမ်းကွဲတွေက သူမကို သူတို့ရဲ့ညီမအရင်းလို ဆက်ဆံကြပြီး သူမကိုယ်တိုင်ကလည်း သူ့တို့ကို သူမရဲ့အစ်ကိုရင်းတွေလို ဆက်ဆံခဲ့သည်။
လူတိုင်းက သူမကို မနာလိုအားကျဖြစ်ကြပြီး သူမဘဝတွင် ယနေ့လောက်အထိ ရှက်စရာကောင်းခြင်းမျိုးမရှိခဲ့ပေ။
အခုတော့ သူမသည် မိသားစုတွင် တစ်ဦးတည်းသော မိန်းကလေး မဟုတ်တော့ပေ။ အဲဒါ တကယ် ကို ဆိုးဝါးလွန်းတယ်...!
နောင်တွင် ဤမိသားစုထဲတွင် သူမ၏ အဆင့်အတန်းသည် နိမ့်ပါးသွားလိမ့်မည်။
အန်တီနဲ့ ရှန်ယူရှီက ဘာလို့ဒီလောက်ထိ သွေးအေးလွန်းတာလဲဆိုတာ သူမ နားမလည်နိုင်ဘူး။
"ဘာတွေ အရူးထနေတာလဲ။ ငါ့ရှေ့မှာ နင်ဒီလိုပြုမူနိုင်ပေမယ့် အခြားလူတွေ အထူးသဖြင့် နင့်အဖွားရှေ့မှာ ဒီလိုလုပ်ခွင့်မရှိဘူး"
ကျန်းရှင့်ရီ၏ မျက်လုံးများသည် အေးစက်နေသော်လည်း အပြုံးတစ်ခုက သူမ၏နှုတ်ခမ်းပေါ်တွင် ရှိနေဆဲဖြစ်သည်။သူမက ရှန်ယွဲ့၏ ကော်လံကို ဖြည်းညှင်းစွာ ပွတ်သပ်ပြီး
"ရှန်မိသားစုမှာ သမီးက တစ်ဦးတည်းသောမိန်းကလေးဆိုတာ မမေ့လိုက်နဲ့လေ.."
ရှန်ယွဲ့သည် ကျန်းရှင်းရီ၏ ထူးဆန်းသော အပြုံးကို မြင်သောအခါတွင် သူမမနေနိုင်ဘဲ ကြောက်ရွံ့မှု ကိုခံစားလိုက်ရသည်။ အကြောင်းတစ်ခုခုကြောင့် ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားရတယ်။
အချိန်အတော်ကြာပြီးနောက် ရှန်ယွဲ့က အသံသေးသလေးနှင့်ပြောလိုက်သည်။
"ရှန်ယန် ပြန်ရောက်လာပြီ.."
"ဘယ်သူ?"
ကျန်းရှင်းရီသည် ရှန်ယွဲ့၏ ပခုံးနှစ်ဖက်ကို ရုတ်တရက် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ရှန်ယွဲ့၏ မျက်နှာမှာ နာကျင်လျက်ရှိနေသည်ကို တွေ့လိုက်ရတော့မှလွှတ်ပေးလိုက်သည်။
YOU ARE READING
Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)
Romansဆယ့်ခုနစ်နှစ်ကြာ ပျောက်ဆုံးခဲ့နေသော နာမည်ကြီးရှန်မိသားစု၏ အငယ်ဆုံးသမီးလေး ပြန်ရောက်လာပြီဖြစ်သည်။ ကျေးလက်မှ ဆွံ့အသော အဖွားတစ်ဦးမှ သူမကိုပျိုးထောင်ခဲ့ချိန်မှစ၍ သူမဘဝ ပျက်စီးသွားခဲ့ပြီဟု လူအများက ထင်မြင်ကြပြီး ရှန်မိသားစုကို သူမ မည်ကဲ့သို့ အရှက်ရစေမည်က...