Chapter 32

986 106 0
                                    

ဖိအားများစွာနှင့် ရင်ဆိုင်ရချိန်တွင် ရှန်ယွဲ့ တုန်လှုပ်လာပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်

ပွင့်ပွင့်လင်းလင်းပြောရလျှင် သူမတကယ်မပြော​ပြချင်သော်လည်း ယခုအ​ခြေအနေသည် သူမလည်းပင်းပေါ် ဓားတစ်ချောင်းရောက်သလိုပင်။သူမက ဘယ်လိုလုပ်ပြီး အမှန်တရားကို သူမ ဖုံးကွယ်နိုင်မှာလဲ?

ထို့ကြောင့် သူမလှည့်ကာ အင်တင်တင်ဖြင့်ပြောလိုက်သည်။

"ရှန်ယန်က စာမေးပွဲမှာ အမှတ် 150 ရခဲ့တယ်"

အဘွားရှန်က အံ့အားသင့်သွားပြီး မြန်မြန်ဆန်ဆန် ပြောလိုက်သည်။

"အိုး စာမေးပွဲမေးခွန်းတွေက အရမ်းရိုးရှင်းတဲ့အတွက် အမှတ်ပြည့်ရခဲ့တာ ဖြစ်မှာပေါ့ ရှန်ယွဲ့ သမီးရောဘယ်လိုလဲ သမီးလည်း အမှတ် တစ်ရာ့ငါးဆယ်ရခဲ့တယ်မလား ဟုတ်တယ်မလား?"

ရှန်ယွဲ့က ပြန်မဖြေဘဲ တိတ်ဆိတ်နေတယ်။

ခန်း​ဝေကျန်းကက မာန​ကြီးစွာပြောလိုက်သည်။

"အားနာပေမဲ့ တစ်ကျောင်းလုံးမှာ အမှတ်ပြည့်ရခဲ့တဲ့သူ တစ်ယောက်သာရှိပြီး အဲ့တစ်ယောက်က ယန်ယန်ပဲ အမေ သမီးကို မယုံရင် အမေ့ရဲ့ မာဂျောင်ကစားဖော်တွေကို မေးလို့ရတယ် သူတို့က ​ပြောပြလိမ့်မယ်"

အရာအားလုံးကို ရှင်းရှင်းလင်းလင်းပြောလိုက်ပြီး သူမဖုန်းကိုချလိုက်တယ်။

သူမ ဖုန်းချတာ နောက်ဆုံးအကြိမ်ထက်တောင် ပိုမြန်ခဲ့သည်။

ထိတ်လန့်နေဆဲဖြစ်သော အဘွားရှန်သည် ဖုန်းခေါ်သံအဆုံးတွင် လန့်နိုးလာပြီး ရုတ်တရက်အော်ဟစ်လိုက်သည်။ "ခန်းဝေကျန်း! သူမ ဘယ်လိုတောင်လုပ်ရဲ...."

သူမ အချိန်ခဏလောက်ကြာအောင် ကျိန်ဆဲလိုက်ပြီး ခန်းဝေကျန်းအနားမှာ မရှိတာသိသွားတော့ မကြာခင်မှာပဲ ရပ်သွားခဲ့သည်။ သူမရှန်ယွဲ့ဘက်လှည့်ပြီး သုန်မှုန်စွာကြည့်လိုက်သည်။

"စာမေးပွဲမှာ အမှတ်ဘယ်လောက်ရခဲ့တာလဲ"

ကျန်းရှင်းရီလည်းပဲ မယုံနိုင်ခဲ့​ပေ။ စာမေးပွဲမှာ ရှန်ယွဲ့က အဲဒီအမှိုက်မ ရှန်ယန် ရိုက်ချတာကို ခံခဲ့ရတာလား?

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now