တစ်ချိန်က သူ့အတန်းထဲမှာ တော်တော်လေးတော်တဲ့ ကျောင်းသားတစ်ယောက်ရှိခဲ့ဖူးတယ်။ လီမိန်က အဲ့ဒီကျောင်းသားအား သူမရဲ့အတန်းက အကောင်းဆုံး အတန်းဖြစ်ပြီး သူ့လိုကျောင်းသားတစ်ယောက်အနေနဲ့ ပိုကောင်းတဲ့ သင်ယူမှုပတ်ဝန်းကျင်နဲ့ ထိုက်တန်တယ်ဆိုပြီး သူမအတန်းကိုပြောင်းလာဖို့ ဖိအားပေးခဲ့သည်။ သူကအဲ့လိုမျိုး လီမိန်ရဲ့ အပြုအမူတွေကို စက်ဆုပ်ခဲ့သည်။ သူကအကောင်းဆုံးကျောင်းသားများကို ဖမ်းဆုပ်ထားပြီး ရလဒ်ကောင်းများအပေါ်ဂုဏ်ယူခဲ့သည်။
ချန်လန်သည် သင်္ချာဆရာမတစ်ဦးဖြစ်ပြီး အတန်းခုနစ်ကလည်း သင်္ချာဘာသာရပ်တွင် ရလဒ်မျာမှာ အလွန်ကောင်းမွန်သည်။ နောက်ဆုံးစာမေးပွဲတွင် ၎င်းတို့၏ ပျမ်းမျှသင်္ချာရမှတ်သည် အတန်းတစ်ရဲ့ အမှတ်ထက် တစ်မှတ်သာ လျော့နည်းသည်။ အကယ်၍ အတန်းခုနစ်သာပိုကြိုးစားပါက သင်္ချာတွင် အတန်းတစ်ကို ကျော်တက်ပြီး လီမိန်ကို သင်ခန်းစာကောင်းတစ်ခု ပေးနိုင်လိမ့်မည်။
ကံမကောင်းစွာပဲ ချန်လန်က သူ့အကြံပြုချက်ကို လက်မခံဘဲ "အဲ့လိုလုပ်ဖို့က မကောင်းဖူးလေ ယန်ယန်က ကျွန်မတို့အတန်းထဲဝင်လာကတည်းက ကျွန်မတို့ အတန်းရဲ့ ကျောင်းသားတွေထဲက တစ်ယောက်ဖြစ်နေပြီလေ ပြီးတော့ သူမ ပထမဆုံး ဖြေရမယ့် စာမေးပွဲမှာ သူအမှတ်တွေကို ထည့်မတွက်ရင် ကလေးမလေးရဲ့ ခံစားချက်တွေကိုထိခိုက်စေလိမ့်မယ်"
အတန်းပိုင်ဆရာက သက်ပြင်းချလိုက်ပြီး ဒီကိစ္စကို လက်လွှတ်လိုက်တယ်။
ဤဆရာမလေးသည် အလွန်အရည်အချင်းရှိသော်လည်း ခေါင်းမာလွန်းပေမယ် လီမိန်လောက် လိမ္မာပါးနပ်ခြင်း မရှိပေ။ထို့ကြောင့်ပဲ အတန်းခုနစ်က အတန်းတစ်ကိုကျော်ဖြတ်ရန် ခက်ခဲနေပုံရသည်။
**
စာမေးပွဲဖြေရတော့မယ့်အချိန်မှာ အတန်းခုနစ်က ကျောင်းသားတိုင်းက အရမ်းစိတ်လှုပ်ရှားနေကြတယ်။
"ပြီးခဲ့တဲ့ သင်္ချာစာမေးပွဲမှာ ငါတို့က အတန်းတစ်ထက် တစ်မှတ်ပဲလျော့ခဲ့တာ။ ဒီတခေါက် ငါတို့သာ ပိုကြိုးစားရင် သူတို့ထက် ကျော်သွားမှာ"
YOU ARE READING
Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)
Romanceဆယ့်ခုနစ်နှစ်ကြာ ပျောက်ဆုံးခဲ့နေသော နာမည်ကြီးရှန်မိသားစု၏ အငယ်ဆုံးသမီးလေး ပြန်ရောက်လာပြီဖြစ်သည်။ ကျေးလက်မှ ဆွံ့အသော အဖွားတစ်ဦးမှ သူမကိုပျိုးထောင်ခဲ့ချိန်မှစ၍ သူမဘဝ ပျက်စီးသွားခဲ့ပြီဟု လူအများက ထင်မြင်ကြပြီး ရှန်မိသားစုကို သူမ မည်ကဲ့သို့ အရှက်ရစေမည်က...