ထိုအချိန်တွင် တောက်ပသော အနက်ရောင် Rolls Royce တစ်စီးသည် ယန်မြို့တော်အထက်တန်းကျောင်း၏ ဂိတ်တွင် ရပ်သွားသည်။
ရှန်ယူက ကားတံခါးမဖွင့်ခင် သူ့အဝတ်အစားတွေကို သပ်ရပ်အောင် အမြန်ပြုလုပ်လိုက်တယ်။ ထိုနောက် ယာဥ်မောင်းကို ကျော်၍ ကားတစ်ဖက်ခြမ်းသို့ ပြေး သွားကာ ရှန်ယန်အား တံခါးဖွင့်ပေးလိုခဲ့သည်။
သို့သော် ရှန်ယန်သည် ကားပေါ်မှ ဆင်းပြီးနေပြီဖြစ်သည်။ သူမသည် ကားဘေးတွင် ရပ်နေပြီး ကြည်လင်သော ပယင်းရောင်မျက်လုံးများဖြင့် သူ့အား တိတ်တဆိတ် ကြည့်နေခဲ့သည်။
ရှန်ယူ၏ မျက်နှာပေါ်တွင် အပြုံးသည် ရုတ်တရက် အေးခဲသွားသည်။
သူသည် ယနေ့တွင် ဝတ်စုံအပြည့်ဝတ်ထားသောကြောင့် ခန့်ညားနေခဲ့သည်။ အများပြောကြသည့် အမျိုးသားတို့ရဲ့ရွှေရောင်အချိန်ဖြစ်သော အသက်လေးဆယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူက ဥပဓိရုပ်ကောင်းသူ တစ်ယောက်လည်းဖြစ်သည်။
သူသည်ဤကဲ့သို ကိန်းကြီးခမ်းကြီးနိုင်သော ၀တ်စားဆင်ယင်မှုကို ကြိုက်နှစ်သက်ခြင်းမရှိတာကြောင့် အခမ်းအနားပွဲများမှလွဲ၍ ဤကဲ့သို့ ၀တ်ဆင်ခြင်းမျိုး မရှိသော်လည်း ယနေ့တွင် သူသည် ၀တ်စုံအပြည့်ကို၀တ်ဆင်ထားသောကြောင့် သူ့သမီး၏ အရေးကိစ္စများကို အလွန်အလေးအနက်ထားကြောင်း ပြသနေသည်။
ဒီမနက်ခင်းမှာပဲ သူနဲ့ သူ့မိန်းမတို့က ရှန်ယန် ကို ကျောင်းလိုက်ပို့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး စကားများခဲ့သေးသည်။ အဆုံးတွင် သူအနိုင်ရပြီး ခန်းဝေကျန်းတစ်ယောက် ဝမ်းနည်းပက်လက်ဖြင့်ရုံးသွားခဲ့ရသည်။
အလုပ်ကိစ္စနဲ့ ခရီးကပြန်လာပြီးနောက် ယန်ယန်နဲ့ နီးစပ်နိုင်မယ့်အခွင့်အရေးရတော့ အရမ်းပျော်နေခဲ့ပေမယ့် အခုချိန်မှာတော့ နည်းနည်းလေး စိုးရိမ်သွားတယ်
"အမ်း.....ကောင်းပြီ... တစ်ခုခုလိုတာရှိရင် ပါးပါးကိုဖုန်းဆက်လိုက်နော် သမီးအတွက် ပါးပါးဝယ်ပေးထားတဲ့ဖုန်းက သမီးရဲ့လွယ်အိတ်ထဲမှာရှိတယ်နော်"
YOU ARE READING
Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)
Romanceဆယ့်ခုနစ်နှစ်ကြာ ပျောက်ဆုံးခဲ့နေသော နာမည်ကြီးရှန်မိသားစု၏ အငယ်ဆုံးသမီးလေး ပြန်ရောက်လာပြီဖြစ်သည်။ ကျေးလက်မှ ဆွံ့အသော အဖွားတစ်ဦးမှ သူမကိုပျိုးထောင်ခဲ့ချိန်မှစ၍ သူမဘဝ ပျက်စီးသွားခဲ့ပြီဟု လူအများက ထင်မြင်ကြပြီး ရှန်မိသားစုကို သူမ မည်ကဲ့သို့ အရှက်ရစေမည်က...