အခန်း ၆၁
ရှန်ယွဲ့က ဖန်းသော်ကိုကြည့်လိုက်ပြီး ရုတ်တရက်ပြောလိုက်တယ်။
"ဖန်းသော် နင်မင်ချီကိုတွေ့ချင်ရင် ငါစီစဥ်ပေးလို့ရတယ်နော်"
တကယ်တော့ သူမ ဒီလောက်သဘောထားမကောင်ပေ။
ဒါပေမယ့် ဖန်းသော်ကတော့ မတူပါဘူး။ သူမသည် ရှန်ယန်၏ သူငယ်ချင်းဖြစ်သည်။
ဟဲယွမ်က အလွန်မနာလိုဖြစ်နေတယ်။ သူမက ရှန်ယွဲ့၏နောက်လိုက်ကဲ့သို့ ရက်အတော်ကြာအောင် ခခယယလုပ်ပြီး သူမကို စိတ်ကျေနပ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း ရှန်ယွဲ့သည် သူမအား ထိုသို့တစ်ခါမှ မပြောခဲ့ပေ။
ဖန်းသော်သည် ရယ်မောရင်း လက်ကိုဝှေ့ယမ်းကာ "မလိုပါဘူး ငါမစ္စတာမင်ကို တွေ့ချင်ရင် ငါ့အတွက် စီစဉ်ပေးဖို့ ယန်ယန်ကို တောင်းဆိုနိုင်လို့ရတယ်။"
"ဟမ့် ကြွားလုံးထုတ်တာ ရပ်လိုက်။ သူမက မစ္စတာမင်ကိုတောင် တွေ့နိုင်ပါ့မလား" ဟဲယွမ်သည် ရှန်ယန်ကို မျက်စောင်းထိုးလိုက်သည်။ ရှန်ယန်သည် သနားစရာကောင်းသော ရွာသူလေးမှလွဲ၍ ဘာမှမဟုတ်ပေ။ ထို့နောက် ဟဲယွမ်ကသရော်လိုက်တယ်။"ဒါက မဖြစ်နိုင်တာတွေ။ယွဲ့ယွဲ့က မင်ချီနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာကြောင့်ပဲ နင်ကဒီလိုမျိုးကြွားလုံးထုတ်လို့မရဘူးလေ။ အရှက်မရှိလိုက်တာ!"
"ဟမ့် နင်ကမှ အရှက်မရှိတဲ့သူလေ!" ဖန်းသော်သည် သူမ၏သူငယ်ချင်းကို မည်သူတစ်ဦးတစ်ယောက်မျှ အသရေဖျက်ခွင့်မပြုနိုင်ပေ။ "ဟယ်ယွမ်၊ မင်းက ပန်းသီး ပေါလစ်သမားပဲ
"ဖန်းသော် နင်အရိုက်ခံချင်နေတာလား"
ရှန်ယန်ကို တိတ်တဆိတ်ကြည့်ရင်း ရှန်ယွဲ့သည် ရှန်ယန်က မင်ချီကိုသိနေတာကိုအံ့သြနေပြီး ဒါဆိုရှန်ယန်က ယန်မြို့မှာမင်ချီတည်းခိုနေတဲ့နေရာကို သူမနာမည်သုံးပြီးမင်ချီကိုသွားတွေ့ခဲ့တာပေါ့။
အဲဒီလိုဆိုရင်တော့ အရမ်းများသွားပြီ။ ရှန်ယန်က ထိုအကြောင်းကို သူမကိုတောင်မှ မပြောခဲ့ပေ။
စာသင်ခန်းထဲပြန်ရောက်တော့ ရှန်ယန်က သူ့ဖုန်းကို ထုတ်ခဲ့ပေမယ့် ဖုန်းတွင် ဘာမက်ဆေ့ခ်ျမှ မရှိခဲ့ပေ။
YOU ARE READING
Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)
Romanceဆယ့်ခုနစ်နှစ်ကြာ ပျောက်ဆုံးခဲ့နေသော နာမည်ကြီးရှန်မိသားစု၏ အငယ်ဆုံးသမီးလေး ပြန်ရောက်လာပြီဖြစ်သည်။ ကျေးလက်မှ ဆွံ့အသော အဖွားတစ်ဦးမှ သူမကိုပျိုးထောင်ခဲ့ချိန်မှစ၍ သူမဘဝ ပျက်စီးသွားခဲ့ပြီဟု လူအများက ထင်မြင်ကြပြီး ရှန်မိသားစုကို သူမ မည်ကဲ့သို့ အရှက်ရစေမည်က...