"အမေ"
ဖုန်းခေါ်ဆိုသူမှာ ခင်ပွန်းဖြစ်သူ၏မိခင် သူမ၏ယောက္ခမဖြစ်သူ အဖွားရှန်ဖြစ်သည်။ သူမရဲ့ လေသံက တော်တော်လေးကြမ်းနေသည်။
"ရှန်ယန်ကို ယန်မြို့တော် အထက်တန်းကျောင်းမှာ တက်ခွင့်ရဖို့ စီစဉ်ခဲ့တာ နင်လား"
ခန်းဝေကျန်းက မဆိုင်းမတွဘဲ ပြန်ပြောလိုက်သည်။
"ဟုတ်တယ်"
ခေတ္တခဏ ရပ်ပြီးနောက် သူမက စမ်းသပ်လိုဟန်မေးလိုက်သည်။
"အမေ့ကို ဘယ်သူပြောခဲ့တာလဲ"
ဒီသတင်းက အဘွားရှန်ရဲ့ နားထဲကို ဘာလို့ ဒီလောက် မြန်မြန် ရောက်သွားတာလဲ။ အဲဒါ ထူးဆန်းတယ်။
ခန်းဝေကျန်းသည် ရှန်ယွဲ့အကြောင်း တွေးမိသွားသည်။ ရှန်းယွဲ့သည် သူမကိုယ်သူမ မည်မျှပင် ဖုံးကွယ်ထားပါစေ ခန်းဝေကျန်းသည် သူမ၏ ရည်ရွယ်ချက်အစစ်အမှန်ကို မြင်နိုင်သည်။
နှစ်ပေါင်းများစွာ လူမျိုးစုံနဲ့ ပြောဆိုဆက်ဆံပြီးတဲ့နောက်သူမဟာ လူတစ်ဦးတွင် မကောင်းသောအကြံစည်မျာ ရှိမရှိ အလွယ်တကူသိနိုင်သည်။
သို့သော်လည်း ရှန်းယွဲ့သည် ယခင်က နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သောကလေးဖြစ်ခဲ့သည်။
"အဲဒါက အဓိကလား? နံရံတွေမှာလဲ နားတွေရှိတယ်!"
အဘွားအိုကပြောရင်းနဲ့ ဒေါသထွက်လာပြီးအသံကျယ်လာခဲ့သည်။
"ဝေကျန်း ညည်းသိရဲ့လား ရှန်းမိသားစုကလုပ်ဖော်ကိုင်ဖက်မိသားစုရဲ့ ကလေးတွေဘယ်နှစ်ယောက်တောင် မြို့တော်အထက်တန်းကျောင်းမှာတက်နေလဲဆိုတာ...ငါလည်းနားလည်ပါတယ်အေ ရှန်ယန်ပြန်လာတဲ့အတွက် ညည်းဘယ်လောက်တောင်ပျော်ရွှင်နေလဲဆိုတာကို.....ဒါပေမဲ့ ဘာဖြစ်လို့သူမကို ယန်မြို့အထက်တန်းကျောင်းမှာမှ တက်စေချင်နေရတာလဲ"
ခန်းဝေကျန်းရဲ့ မျက်လုံးတွေကကျဥ်းမြောင်းသွားတယ်။
"အမေ ယန်ယန်က ငယ်ငယ်လေးက အရမ်းခံစားခဲ့ရတာ ပြီးတော့ သူမကကောင်းမွန်တဲ့ ပညာရေးကို ခံစားသင့်တယ် နောက်ပြီး သူမကို ခေါ်လာတာက ကျွန်မရဲ့ ဆန္ဒကိုဖြည့်ဆည်းချင်လို့ မဟုတ်ဘူး ယန်ယန်ငယ်ငယ်လေးတည်းက ဆုံးရှုံးခဲ့တဲ့အရာတွေကို ပြန်ဖြည့်ဆည်းပေးချင်လို့ပဲ""
YOU ARE READING
Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)
Romanceဆယ့်ခုနစ်နှစ်ကြာ ပျောက်ဆုံးခဲ့နေသော နာမည်ကြီးရှန်မိသားစု၏ အငယ်ဆုံးသမီးလေး ပြန်ရောက်လာပြီဖြစ်သည်။ ကျေးလက်မှ ဆွံ့အသော အဖွားတစ်ဦးမှ သူမကိုပျိုးထောင်ခဲ့ချိန်မှစ၍ သူမဘဝ ပျက်စီးသွားခဲ့ပြီဟု လူအများက ထင်မြင်ကြပြီး ရှန်မိသားစုကို သူမ မည်ကဲ့သို့ အရှက်ရစေမည်က...