Chapter [ 2 ]

2.8K 456 58
                                    

ကျော်ဇော အပြန်လမ်းတွင် ကားကို အရှိန်လျှော့မောင်းလာရင်း ဒီနေ့ တစ်နေ့လုံး ဘာမှ အဆင်မပြေတဲ့အကြောင်း တွေးနေမိသည်။

မနက်က Site ထဲမှာ သူ ပြဿနာတစ်ခုကို ခေါင်းခံလိုက်ရပြီး တစ်နေကုန် အလုပ်လုပ်ရတာ ကသိကအောက်နှင့်ညကျစိတ်ပြေလက်ပျောက် Bar မှာ သောက်ဖို့သွားတော့လည်း ရောက်ရောက်ချင်း သကောင့်သားတစ်ကောင် က လာရင့်သည်။

သူ ကြိုက်နေတဲ့ Barmaid လေးရဲ့ရည်းစားဟောင်းက သူ့ကို ပလိန်းကြီး
ရန်ထောင်တာမို့ လက်သီးသုံးလိုက်ရပြီး

ကြားထဲက ကောင်မလေးကို အားနာလို့ ရန်မီးကို ငြိမ်းကာ သူ ပြန်လာခဲ့ပေမယ့် လမ်းမှာ Accident ဖြစ်လုနီးနီး ကြုံရပြန်သည်။

တစ်ဖက်လူက လျှော့ပေးလို့သာ တောင်းပန်ရုံနှင့် ပြီးသွားတာပင်။

မဟုတ်ရင် ဂုဏ်ရှိန်ကျော်ဇောတို့ ရှင်းလိုက်ရမည့် ဖြစ်ချင်း။

သူ့အကျင့်တစ်ခုက မနက်ကတည်းက စိတ်အနှောင့်အယှက်ဖြစ်ရတဲ့နေ့ဆို တစ်နေကုန် ဘာလုပ်လုပ် အဆင်မချောတတ်တော့ချေ။

ည ၉နာရီ မတ်တင်း၌ သူ ဝန်ထမ်းဆောင်ကို ပြန်ရောက်တော့ အတော်လေး မှောင်နေပြီ။

ရှိန်ဇေက လွမ်းတိုင်းကို ပြန်သွားတာမို့
သူ့ဘေးခန်းက တံခါးပိတ်လျက်သား။

ညနေက ရှိန်ဇေ သူ့ကို လွမ်းတိုင်းကို လိုက်ခဲ့လို့ခေါ်တုန်းက လိုက်သွားဖြစ်ရင် ကောင်းလိမ့်ဦးမည်။

ကျော်ဇော သူ့အခန်းထဲရောက်တော့ အရင်ဆုံး အရက်နံ့ထောင်းနေသည့် ကိုယ်ပေါ်က အင်္ကျီကို ချွတ်လိုက်သည်။

သူ့ခါးစပ်ကနေ ရင်ဘတ်အောက်နားအထိ ထိုးထားသည့် ချယ်ရီပန်းကိုင်းသဏ္ဍာန် Tattoo က မွေးရာပါ အမှတ်တွေကို ဖုံးကာ ပန်းတွေ ပွင့်နေကြ၏။

သူမွေးတုန်းက ဘယ်ဘက်ခါးစောင်းမှာ ပြတ်ရှ ဒဏ်ရာ အမာရွတ်လို အစင်းကြောင်းတွေ ပါလာတော့ အမေက
အရင်ဘဝက ပင်ပန်းခဲ့တဲ့ကလေးဟု ယူဆကာ နောက်ကလေးတောင် ထပ်မယူဘဲ သူတစ်ယောက်တည်းကိုပဲ အချစ်တွေ ပုံပေးထားတာဖြစ်သည်။

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now