Chapter [ 10 ]

2.7K 417 14
                                    

Queenstown, New Zealand.

New Zealandမှာ Juneလဆိုရင် ဆောင်းဦးဝင်ပြီမို့ Andrianရဲ့ မွေးရပ်မြေ Queenstown မြို့ရဲ့ရာသီဥတုကလည်း အေးစက်၊ စိုစွတ်လျက် ရှိ၏။

ကမ္ဘာ့စွန့်စားခန်း မြို့တော်လို့ တင်စားကြရသည့် Queenstown မှာ Bungee jumping, Skydiving နဲ့ Ziplining တို့လို စိတ်လှုပ်ရှားစရာ Activity တွေက ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ နာမည်ကျော်ပါသည်။

မွေးကတည်းက Queenstown မှာနေလာသည့် Andrian ကတော့ ထိုကဲ့သို့ စွန့်စားရသည့် အရာတွေကို လုပ်ချင်ပေမယ့် ကျန်းမာရေးအခြေအနေကြောင့် တစ်ခါမှ မလုပ်ဖူးပေ။

ဆောင်းရာသီဆို Ski resort တွေမှာ နှင်းလျှောစီးတာလောက်ကိုတောင်
ကြာကြာ စီးနိုင်တာ မဟုတ်။

ခရီးသွားလုပ်ငန်းတွေ အဓိကကျတဲ့
ဒီမြို့မှာ ပန်းအလှဆင်ပညာရှင် တစ်ယောက်အနေနဲ့ စပြီးအခြေချခဲ့တဲ့ သူ့အဖေက စစချင်းတော့ အတော်လေး ရုန်းကန်ခဲ့ရသည်ဟုဆို၏။

နေထိုင်စားရိတ်ကြီးပေမယ့်လည်း မေမေနဲ့ဖူးစာဆုံစေခဲ့တဲ့ မြို့လေးကို အဖေက နောက်ဆုံးခေါင်းချချိန်အထိ
သံယောဇဥ်တွယ်သွားချင်ဟန်တူသည်။

Florist တစ်ယောက် အနေနဲ့သာမက Wedding Floral Designer အဖြစ်နဲ့ပါ အလုပ်တွေ အများကြီး ကြိုးစားခဲ့သည့် အဖေက အခုတော့ Queenstown ရဲ့အချက်အချာကျသည့် မြို့လယ်ခေါင်မှာ Flower shop တစ်ခုလည်းဖွင့်ထားသည်။

Andrian တတ်သည့်ပညာတွေက အဖေ့ဆီကရတဲ့အမွှေတွေပင်။

ဒါကိုတောင် ကျေးဇူးမသိတတ်တဲ့ သူဟာ အချစ်မျက်ကန်းဖြစ်ပြီး အဖေ့ရင်ကို ခြေစုံကန်ခဲ့သည်။

သူ တက္ကသိုလ်ကျောင်းသားဘဝမှာ Eddy နဲ့ဆုံပြီး အချစ်ဦးမို့ အရူးအမူးတွေ ဖြစ်ခဲ့ရ၏။

ချမ်းသာကြွယ်ဝတဲ့မိသားစုရဲ့တစ်ဦးတည်းသောသား အမွှေဆက်ခံသူအနေနဲ့ Eddy က ​မိဘတွေရဲ့
ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားချိန်မျိုးဆို ထင်တိုင်းကြဲတတ်တဲ့အကျင့်ရှိသည်။

စချစ်တုန်းကတော့ Andrian က  Eddyရဲ့ကောင်းကွက်တွေကိုချည်း ရွေးကြည့်ခဲ့တာပင်။

Eddy နဲ့ သူ စတွဲပြီး အစောပိုင်း လတွေမှာတော့ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့စုံတွဲတွေလို ပျော်ခဲ့ကြပေမယ့် ရည်းစားသက်တမ်း တစ်နှစ်ကျော်တော့ Eddy ရဲ့အမူအကျင့်တွေ ပြောင်းလဲလာခဲ့သည်။

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now