Chapter [ 31 ]

6.2K 781 408
                                    

ကျော်ဇောနှင့်တွေ့သည့် စနေနေ့ညတွင် စိုင်းမာန် စားချင်နေသည့် ချောကလက်ခဲလေးကို အိပ်မက် မက်သည်။

ထိုချောကလက်ခဲက သာမာန်ချောကလက်တော့ မဟုတ်ပါချေ။

သူ အိပ်ရာမှနိုးနိုးချင်း ခုတင်ပေါ်ကနေ ဝုန်းကနဲ ဆင်းပြီး ရေချိုးခန်းထဲသို့ ဝင်လိုက်ရသည်။

သူ စိုစွတ်နေတဲ့အိပ်မက်မျိုး မမက်တာ အတော်ကြာပြီဖြစ်သည်။

ဒီအတောအတွင်း ဒါ ပထမဆုံးအကြိမ်ပင်။

သူ ဒီနေ့ ကျော်ဇောနှင့်တွေ့ရင် မျက်နှာပူနေမိမလား။

စိုင်းမာန် ရေပန်းအောက်တွင်ရပ်ကာ နံရံတွင် လက်တစ်ဖက်ထောက်လျက် တွေးနေတာက သူတော့ ဂုဏ်ရှိန်ကျော်ဇောကို ကြိုက်စပြုနေပြီ ဆိုတာကိုပင်။

ဂုဏ်ရှိန်ကျော်ဇောက သူ့ကို ဆွဲဆောင်နိုင်တဲ့ ပထမဆုံးလူဖြစ်သည်။

သူတို့နှစ်ယောက် နီးနီးကပ်ကပ် ရှိချိန်တိုင်း စိုင်းမာန်ရဲ့ရင်ခုန်နှုန်းက ပုံမှန်ထက် မြန်လာတတ်၏။

ပထမတစ်ကြိမ်၊ ဒုတိယတစ်ကြိမ်က မသိသာပေမယ့် မနေ့ကတော့ ကျောဇောနဲ့ပတ်သက်တဲ့ သူ့ခံစားချက်ကို တိတိကျကျ သိလိုက်ရသည်။

သူ့အနေနဲ့ အခုချိန်ထိ ရည်းစားမထားတာဟာ မထားချင်တာကတစ်ကြောင်း၊ အရေးအရာပေးမိလောက်အောင်
စိတ်ဝင်စားရတဲ့လူ မရှိတာက တစ်ကြောင်းကြောင့်ပင်။

လိင်စိတ်ခံယူချက်နဲ့ပတ်သက်လို့ကတော့ သူတကယ် ကြိုက်မိရင် မိန်းမဖြစ်ဖြစ်၊ယောက်ျားပဲဖြစ်ဖြစ် ပဓာနမထား။

အဓိကက သူကြိုက်မိရင် သူ့ရည်းစားဖြစ်မှ ရမည်။

စိုင်းမာန်က တစ်ခုခုကို လိုချင်ပြီဆိုရင် တသမတ်တည်း သွားတတ်တဲ့ပုံစံမျိုးပင်။

တစ်ခုရှိတာက ဂုဏ်ရှိန်ကျော်ဇောက Straightဆို သူ လိုက်ဖို့မလွယ်။

မိန်းကလေးချစ်သူပဲ ထားချင်တာလား၊
ယောက်ျားတစ်ယောက်နဲ့တွဲမယ်ရင်ရော တွဲနိုင်လောက်လား ဆိုတာကတော့ စိုင်းမာန် သိအောင် လုပ်ရမည့်အပိုင်း။

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now