Chapter [ 11 ]

2.1K 398 43
                                    

"နောက်တစ်ခွက် ထပ်​သောက်ဦးမလား"

"ထည့်ကွာ"

နိုင်ယံ စားပွဲပေါ်က ခေါင်ရည်အိုးကို လှမ်းယူပြီး မြတ်မင်းထိုက်စံရဲ့ခွက်ထဲသို့ ငါးကြိမ်မြှောက် ထပ်လောင်းထည့်ပေးလိုက်သည်။

"Daniel တော့ လွမ်းတိုင်းမှာ ပျော်နေပုံပဲ"

"အင်း...မနက်ဖြန် မင်းပြန်ရင်တောင် သူကတော့ ကျန်ခဲ့ဦးမယ်လို့ ပြောနေတာ"

မြတ်မင်းထိုက်စံက ဝက်သားခြောက်ကင် တစ်ဖတ်ကို ကောက်ဝါးလိုက်ပြီး

"Daniel က ကိုစျာန့်ကို သဘောကျနေတာများလား"

ဟု ပြောလာတော့ နိုင်ယံခန့် တွေးဆဆဖြင့်

"သေချာ မပြောတတ်ဘူး...သူ ငါ့အစ်ကိုကို လေးလေးစားစား ချစ်ခင်တဲ့ပုံစံမျိုးတော့ တွေ့ရပါတယ်"

ကိုစျာန့်ဘက်က Daniel အပေါ် ပြုမူဆက်ဆံပုံတွေကတော့ မိတ်ဆွေတစ်ယောက်ဆိုတာထက် မပိုဘူးဟု သူ မြင်သည်။

"မင်း ချစ်ဖူးလား နိုင်ယံ"

"လူတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ချစ်မိတာမျိုးတော့ မရှိသေးသလိုပါပဲ"

"ရည်းစားလည်း မထားဘူးလား"

နိုင်ယံခန့် ခေါင်းရမ်းပြလိုက်တော့ မြတ်မင်းထိုက်စံက

"ဘာလဲ လူပျိုကြီး လုပ်ဖို့စိတ်ကူးထားလို့လား"

ဟု ဆိုလေရာ နိုင်ယံခန့် ဟက်ကနဲ တစ်ချက် ရယ်လိုက်မိကာ

"တက္ကသိုလ်တုန်းကတော့ သဘောကျမိတဲ့ ကောင်မလေးတစ်ယောက်ရှိဖူးပါတယ်...လမ်းတွေ့ရင် ပြုံးပြ နှုတ်ဆက် ဒီလောက်ပဲ...ငါက ရှေ့ဆက်မတိုးတော့ မကြာဘူး...သူလည်း ကောင်လေးရသွားရော"

"ဘာလဲကွာ...စိတ်ဝင်စားစရာ မကောင်းလိုက်တာ"

တကယ်တော့ နိုင်ယံခန့်က ရည်းစားထားဖို့ စိတ်ကူးမိရင်တောင် ဒီလူက သူ့မိသားစုနှင့်အဆင်ပြေနိုင်ပါ့မလားဆိုတာကို အရင်ဆုံးတွေးသူပင်။

သူက အိမ်မှာ သားအလတ်ဆိုပေမယ့် အမေတို့က သူ့ကို သားအကြီးဆုံးလိုပဲ အားကိုးအားထားပြုကြတော့ အိမ်ရဲ့စီးပွားရေးကိုပါ တာဝန်ယူထားရတဲ့ သူ့အနေနဲ့ အလိမ္မာ အိမ်ပါလေးကိုပဲ လက်ထပ်ဖို့အထိ ရည်ရွယ်ပြီး ရည်းစားတော်ချင်တာဖြစ်သည်။

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now