"Boss...ဧည့်သည်ရောက်နေပါတယ်တဲ့"
စိုင်းမာန် Meeting roomသို့ သွားနေသည့်လမ်းတွင် သူ့ အတွင်းရေးမှူးကအသိပေးလာခြင်းဖြစ်သည်။
"ဘယ်သူလဲ"
"Reception က ပြောတာတော့ ကျော်ဇောဆိုလား"
အာပေတူးရဲ့နာမည်ကို ကြားတော့ စိုင်းမာန် နှစ်ခါစဥ်းစားမနေဘဲ ဓာတ်လှေကားရှိရာဘက်သို့ ခြေဦးလှည့်လိုက်မိ၏။
"အစည်းအဝေးကို နာရီဝက် နောက်ဆုတ်လိုက်"
"ဟုတ်ကဲ့ Boss"
သူ ပထမထပ်ကိုရောက်တော့ Receptionက ဝန်ထမ်းက ကျော်ဇော မြေညီထပ်မှာ စောင့်နေသည်ဟု ဆိုတာကြောင့် Car parking အထိ ဆင်းခဲ့ရသည်။
"ကျွန်တော် ဒီမှာ"
ဆိုင်ကယ်တွေချည်း သီးသန့်ထားသော Parking lot ဘက်ကနေ လက်လှမ်းပြ
သည့် ကျော်ဇောကို မြင်တော့ စိုင်းမာန် ကိုယ်ရှိန်သတ်ကာ ကျော်ဇောရပ်နေသည့်နေရာဆီ တည်တည်ငြိမ်ငြိမ်ဖြင့် လျှောက်သွားလိုက်၏။သူ့ Company ကို ဆိုင်ကယ်နဲ့လာရပုံပေါ်သည့် ကျော်ဇောက ပြင်ပြင်ဆင်ဆင်တောင် မရှိဘဲ ခဲရောင် Hoodie ပွပွနှင့်Denim jean ဘောင်းဘီရှည်ကို ဖြစ်သလို ဝတ်ထားကာ အရင်တစ်ခါက ဘက် ပြန်စုံသွားသည့် အနက်ရောင် ကွင်းထိုးဖိနပ်ကိုစီးထားသည်။
"ဘာကိစ္စလဲ"
လက်ပတ်နာရီကို တစ်ချက် မြှောက် ကြည့်ကာ သူမေးတော့ ကျော်ဇောက သူနှင့်မျက်နှာချင်းဆိုင်တွင် လာရပ်ပြီး
လူကြားလို့မကောင်းသည့် ကိစ္စကို ပြောရမည့်ဟန်ဖြင့် လေသံကိုနှိမ့်ကာ..."ကျွန်တော့် နားကပ်ပျောက်သွားလို့...ပျောက်တာကို မနေ့မနက်ကမှသိတာ...တခြားနေရာတွေရှာကြည့်ပြီးပြီ မတွေ့ဘူး"
"အဲတော့ ကိုယ့်အိမ်မှာလည်း ရှာကြည့်ချင်တယ်ပေါ့"
"ခင်ဗျား အဆင်ပြေမှပါ"
"လိုက်ခဲ့"
စိုင်းမာန် ရှေ့ကနေ လျှောက်ခဲ့တော့ ကျော်ဇောလည်း နောက်မှာပါလာကာ သူတို့နှစ်ယောက် VIP Elevator ကနေ Penthouse ပေါ်သို့ တက်ခဲ့ကြသည်။
ကျင့်ဝတ်သိတဲ့ကျော်ဇောက စိုင်းမာန်
တံခါး Password ရိုက်တာကိုတော့ မကြည့်ပါ။