Chapter [ 20 ]

6.1K 695 47
                                    

"ငါ မင်းကို ဖုန်းဆက်ထားတာ ဘာလို့
မကိုင်တာလဲ ဟန်စိုင်း"

"မသိလိုက်ဘူး"

စိုင်းဟန်လျန်း အခုမှ အင်္ကျီအိတ်ကပ်ထဲက ဖုန်းကို ထုတ်ကြည့်လိုက်တော့ Silent ဖြစ်နေတဲ့ ဖုန်းက Missed call ငါးခါတောင် ဝင်ထားသည်။ သူက သူ့ဖုန်းကို ဘယ်တော့မှ Silent လုပ်ထားလေ့မရှိပေမယ့် ဘာကြောင့် Silent ဖြစ်နေလဲတော့ မမှတ်မိ။ အခုလောလောဆယ် ခေါင်းကိုက်နေတာကြောင့် စဥ်းလည်းမစဥ်းစားနိုင်သေး။

"ဘာများဖြစ်နေပြီလဲဆိုပြီး အခုပဲလိုက်လာမလို့ လုပ်နေတာ"

"နေမကောင်းလို့ပါကွာ"

"ဘာလို့လဲ...တစ်ခုခု ဖြစ်လာလို့လား...ဟမ်"

"ရာသီဥတု အကူးအပြောင်းလေ"

"အဲဒါကြောင့် မနက်က မင်းကို ခေါင်း​ခြောက်အောင်သုတ်လို့ ပြောတာ"

"ခိုင်မြဲရန် မင်းတိတ်တိတ် နေပေးလို့ မရဘူးလား...ငါ ခေါင်းတွေနှောက်နေလို့
နားအေးပါးအေး နေချင်တယ်"

စိုင်းဟန်လျန်း အခန်းထဲဝင်ပြီး တံခါးပါ တစ်ခါတည်း Lock ချလိုက်တာတောင် အပြင်ကနေ မေးခွန်းတွေ ဆက်တိုက်မေးနေသေးသည့် ခိုင်မြဲကြောင့် စိတ်တွေရှုပ်လာ၏။

"ဆေးရောသောက်ပြီးပြီလား...ဆေးခန်းသွားမှ ရမှာလေ...ညနေစာကရော"

စိုင်းဟန်လျန်း ပြန်မဖြေတော့မှ အခန်းရှေ့ကနေ ထွက်သွားပုံရသည့် ခိုင်မြဲက
ခဏနေကျ သူ့အခန်းတံခါးကို လာခေါက်ဦးမှာ သေချာသည်။

ကိုထိုက်စံ ​ခြုံ ပေးလိုက်သည့် Jacket ကို ချွတ်ပြီးမှ စိုင်းဟန်လျန်း အိပ်ရာပေါ် လှဲကာ မှိန်းနေစဥ်တွင် Message ဝင်သံကြောင့် ဖုန်းကို ယူကြည့်လိုက်၏။

"ကိုယ် အိမ် ပြန်ရောက်ပါပြီ"

သူ စာမပြန်နိုင်သေးလည်း ကိုထိုက်စံက Message တွေ ဆက်တိုက်ပို့နေမည့်သူ မဟုတ်။ Facebook မှာ Friend ဖြစ်ထားတာတောင် Choco ရဲ့ပုံတွေ ပို့တဲ့အချိန်ကလွဲလို့ စကား အပိုသိပ်မပြောတဲ့ ကိုထိုက်စံက Social media account ကိုတောင် အလုပ်ကြောင့် ဖွင့်ထားမှန်း သိသာသည်။

သူ အရင်နေ့က Wall ထဲ ဝင်ကြည့်မိတော့ Follower သိန်းချီရှိပေမယ့် Friend list မှာက လုပ်ငန်းနယ်ပယ်က လူတွေကိုသာ အများဆုံးတွေ့ရပြီး တင်ထားသမျှ Post တွေကလည်း အလုပ်ကိစ္စက တစ်ဝက်၊ ခရီးသွား အမှတ်တရ အနေနဲ့ တင်ထားတဲ့ ပုံတွေက တစ်ဝက်ဖြစ်သည်။

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now