Chapter [ 15 ]

2.3K 423 119
                                    

သူ့ကိုများ ဖိနပ်နဲ့ ကန်သွားရဲတယ်?

ရင်ဘတ်တည့်တည့်ကိုလေ!

စိုင်းမာန် တရားထိုင်နေရင်း စိတ်ထဲ တနုံ့နုံ့ ဖြစ်လာခြင်းအား ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ မျက်လုံးတွေကို ဖွင့်လိုက်ရတော့၏။

သူ မနက်တိုင်း မိနစ် ၂၀ခန့် တရားထိုင်နေကျဖြစ်သော်လည်း ယခုမူကား ၁၀မိနစ် ပြည့်အောင်ပင် အာရုံမစိုက်နိုင်ချေ။

မနေ့ မနက်ကဆို တရားမှတ်နေရင်းက ဒေါသတွေ အလိပ်လိုက် ထွက်လာလို့ ၅မိနစ်တည်းနဲ့ ရပ်ပစ်လိုက်ရတာဖြစ်သည်။

တွေ့လိုက်တိုင်း သူ့ကို သွေးတက်စေသည့် ဂုဏ်ရှိန်ကျော်ဇောကတော့ သူနှင့် ထပ်မတွေ့အောင် ရှောင်နိုင်ရင် အကောင်းဆုံးပင်။

စိုင်းမာန် ရုံးသွားဖို့ ပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းလာတော့ သူတို့မိသားစုရဲ့ မနက်စာ ထမင်းဝိုင်းတွင် လူစုံနေသည်။

"မနက်စာ မစားဘူးလား သားမာန်"

"အရေးကြီး Meeting ရှိလို့ အမေ...ရုံးရောက်မှပဲ စားလိုက်တော့မယ်"

သူ အိမ်မှာ မနက်စာ စားဖို့ အချိန်မရတော့ပေမယ့်လည်း စိုင်းစေးကို မေးစရာရှိတာကြောင့် ထမင်းစားခန်းထဲသို့ ခဏ ဝင်လာခြင်းပင်။

"စေးစေး"

"ဗျ"

"ရှိန်ဇေတို့ရဲ့ ဝန်ထမ်းဆောင်က ဘယ်နားမှာလဲ"

"ဗျာ"

စိုင်းစေးက ရှိန်ဇေနှင့်သူ တစ်ခုခု ပြဿနာ ဖြစ်ထားလို့များလားဟု စိုးရိမ်သွားပုံ ပေါ်တာမို့

"ရှိန်ဇေ့သူငယ်ချင်း...ဟိုတစ်ယောက်...သူလည်း အဲမှာနေတာလား သိချင်လို့" ဟု ဆိုတော့

"ကိုကျော်ဇောကို ပြောတာလား"

"အင်း"

"ကိုမာန်က ကိုကျော်ဇောနဲ့ဘာကိစ္စရှိလို့လဲ"

"ပြန်ပေးစရာ ရှိလို့ပါ...လိပ်စာသာပေး"

"ကျွန်တော် Message ပို့ပေးလိုက်မယ်လေ"

"Okay"

စိုင်းမာန် Company ကို ရောက်တာနဲ့ Meeting စပြီး Program တစ်ခု Upgrade လုပ်ရာတွင် ဘယ်အပိုင်းတွေကို improve လုပ်ရင်ကောင်းမ လဲဆိုတဲ့ ဝန်ထမ်းတွေရဲ့ တင်ပြချက်များကို နားထောင်ရသည်။

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now