Chapter [ 3 ]

2.7K 457 29
                                    

"ဒါကတော့ စိုက်ခြံ...အကျယ်အဝန်းက ၂ဧကရှိတယ်...တစ်ဧကကို ၇၀၀...ပိုင်ရှင်နဲ့တွေ့ရင်တော့ စျေး အလျှော့အတင်း ရှိမှာပေါ့"

"အပင်တွေ အများကြီးပါလား"

ပထမ ကြည့်ခဲ့သည့် ခြံနှင့်စာရင် မြတ်မင်းထိုက်စံ အခုခြံကို ပို သဘောကျသည်။ ခြံဝန်းထဲတွင် အရိပ်ရပင်တွေ အများကြီးရှိပြီး သရက်၊ ထောပတ်နှင့်ပိန္နဲပင်ကြီးတွေလည်းရှိသည်။

"ကိုယ်က အပန်းဖြေအိမ်ဆောက်မှာဆိုတော့ ဒီလိုသီးသန့်ဆန်ပြီး ဆိတ်ငြိမ် အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ပို သဘောကျတယ်"

"ဘယ်လိုလဲ...ခြံရှင်နဲ့တွေ့ပေးရမလား"

"ကိုယ် ရက် ပြန်ချိန်းမယ်လေ...နောက်အပတ်ထဲ တွေ့လို့ စျေးတည့်ရင် စာချုပ်ချုပ်ကြတာပေါ့"

"ဒါဆို ကျွန်တော် ခြံရှင်ဘက်ကို အကျိုးအကြောင်း ပြောထားလိုက်ပါ့မယ်"

"ဝယ်မှာက သေချာပါတယ်လို့"

"ဟုတ်ကဲ့"

ထိုက်စံ ဒီနေ့ကတည်းက တစ်ခါတည်း ငွေချေပြီး ဝယ်ချင် ဝယ်လိုက်လို့ ရသော်လည်း ဒီကောင်လေးနှင့် ထပ်တွေ့ချင်၍ တမင် ရက်ချိန်းလိုက်ခြင်းပင်။

သူ့အတွက်တော့ ရွာငံကို ခဏခဏ လာလို့ရလေ ကောင်းလေ မဟုတ်လား။

"ဒါနဲ့ ပွဲစားခက ဘယ်လိုယူလဲ"

"ရောင်းသူဘက်က 1%နဲ့ဝယ်သူဘက်ကလည်း 1% ယူပါတယ်ဗျ"

"1% က မနည်းဘူးလား"

"ခင်ဗျား ပိုပေးချင်လည်း ရတယ်ဗျ"

"ဟားဟား"

မြတ်မင်းထိုက်စံ သဘောတကျ ရယ်မောလိုက်ရင်း ခြံထဲကို တစ်ခေါက် လှည့်ပတ်ကြည့်မိပြန်သည်။

မန္တလေးမြို့မှာ အိမ်ခြံမြေလုပ်ငန်းကြီးတစ်ခုကို ဦးစီးနေသည့် သူ့အတွက်က
ဒီနယ်ပယ်ကို တတ်ကျွမ်း၊ နားလည်နေပြီးသား ဖြစ်ပေမယ့် ကောင်လေးနှင့်အတူ နှစ်ယောက်တည်း ရှိနေသည့် အချိန်ကို ပိုကြာအောင် ဆွဲဆန့်နေခြင်းသာ။

ပထမတစ်ခြံ ကြည့်ပြီးတော့ နိုင်ယံက Daniel ကို ရွာငံက ရေတံခွန်တွေဆီ အလည်အပတ်ခေါ်သွားတာမို့ သူနှင့်ဟန်လျန်းပဲ ဒီဘက်ကို ဆက်လာခဲ့ကြတာဖြစ်သည်။

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now