Chapter [ 4 ]

2.5K 454 32
                                    

"လွမ်းတိုင်းကို ရောက်ရင် ပြောပါဦး နိုင်ယံ"

"ဟုတ်ကဲ့"

ရွာငံမှ အထွက် တစ်လမ်းလုံး
Daniel ကားနောက်ခန်းတွင် မှိန်းလျက်
လိုက်ပါလာခဲ့ရင်း သူ စျာန့်ကို ပထမဆုံးအကြိမ် မြင်ဖူးသည့် နေ့ကို ပြန်တွေးမိသည်။

လွန်ခဲ့သည့် နှစ်ရဲ့ဧပြီလ။

Singapore က Charity Event တစ်ခုကို Daniel တက်သည့်နေ့တွင် Hotel တစ်ခုတည်း၌ စျာန်တို့ ပန်းချီပြပွဲလုပ်နေတာနဲ့ ကြုံ၏။

သူက ပန်းချီအနုပညာကို သိပ်ပြီးအာရုံခံစားတတ်သူ မဟုတ်ပေမယ့်
ပွဲစီစဥ်သူနဲ့ရင်းနှီးနေတာကြောင့် ပြပွဲကို ခဏ ဝင်ကြည့်ဖြစ်ခဲ့ခြင်းပင်။

ထိုစဥ် ပြခန်းသို့လာသည့် ပရိတ်သတ်များနှင့်တွေ့ဆုံကာ အမှတ်တရ လက်မှတ် ရေး ထိုးပေးနေကြသော ပန်းချီဆရာ၊ဆရာမများထဲ၌ Daniel ရဲ့အကြည့်တွေကို သိမ်းပိုက်ယူသွားတာက ထူးခြားသည့် ဝတ်စားဆင်ယင်ပုံနှင့်အမျိုးသားတစ်ယောက် ဖြစ်လေသည်။

အရပ်မြင့်မြင့်၊အသားဖြူဖြူနှင့်ထိုအမျိုးသားရဲ့ ရည်မွန်သည့် ရုပ်ရည်သွင်ပြင်မှာ ကြည်လင်သည့်မျက်ဝန်းများနှင့်တည်ငြိမ် အေးချမ်းသည့် အပြုံးတစ်ပွင့်က ကြည့်သူ မြင်သူတိုင်းကို စိတ်နှလုံး ကြည်သာစေသော အရောင်အဝါမျိုး ရှိသည်။

နက်ပြာရောင် ပုဆိုးနှင့် ကတ္တီပါ ဖိနပ်၊
စတစ်ကော်လံနှင့် အဖြူရောင် ရှပ်အင်္ကျီ၊ ထိုပေါ်တွင် ကြယ်သီးဖွင့်လျက် ထပ်ဝတ်ထားသည့်ရင်ခွဲတိုက်ပုံက ခဲရောင်ဖျော့ဖျော့လေး ဖြစ်သည်။

"အဲဒါ Artist စျာန်လေ...နာမည် အပြည့်အစုံက စျာန်ဩရ တဲ့"

"မြန်မာလူမျိုး မဟုတ်လား"

သူ့မိတ်ဆွေ စိုင်းမာန်က မြန်မာလူမျိုးဖြစ်၍ မြန်မာအမျိုးသားတွေ ဝတ်စားဆင်ယင်ကြပုံကို Daniel မြင်ဖူးသော်လည်း စျာန်နဲ့တွေ့မှ ​သေချာ သတိထားပြီး ကြည့်မိတာပင်။

"ဒါ သူ့လက်ရာတွေလေ"

စျာန့်လက်ရာ ပန်းချီကား
တွေက ငြိမ်သက်၊အေးချမ်းမှုကို ဖော်ဆောင်သည့် သဘာဝ ရှုခင်းပန်းချီများဖြစ်ပြီး ပြခန်း၌ ပြထားသော စျာန့်ရဲ့ပန်းချီကားတိုင်းကို Daniel သေချာကြည့်လေ နှစ်သက်မိလေပင်။

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now