Chapter [ 7 ]

2.4K 432 102
                                    

"အဲဒါ ဘယ်က ဧည့်သည်တွေလဲ မီးမီး"

"တောင်ကြီးကဆိုလား"

ကျော်ဇော မေးတာကို မရေမရာ ပြန်ဖြေသည့် မီးမီးက ဖုန်းဖြင့် ဖတ်လက်စ Manhua ထဲမှာပဲ အာရုံအပြည့်အဝ ရှိနေသည်။

"နင်လည်း အဲဒါတွေ ဖတ်နေရရင် တစ်လောကလုံးမေ့...ဘာ ဟင်းချက်ထားလဲ"

"အဲမှာ ကြည့်လေ"

"လာပြန်ပြီ အာလူး...နင်ချက်တဲ့ အာလူးဟင်းတွေ စားပြီး ငါလည်း နင့်လို အာလူးရုပ်ပေါက်တော့မယ်"

"အာလူးပွဲရုံထောင်ထားတဲ့ ကိုသားငယ်ရဲ့အဖေ ဦးစိုးကိုသွားပြောလေ...နေ့တိုင်း အိမ်ကို အာလူးတွေ အိတ်လိုက် သယ်သယ် မလာနဲ့လို့"

မီးမီး ကိုယ်တိုင်လည်း အာလူးဟင်းတွေချက်ရတာ စိတ်ကုန်နေပုံ ပေါ်တာမို့ ကျော်ဇောလည်း ထပ်ပြီး အထွန့်မတက်ရဲ။ တော်ကြာ လူပုစိတ်တိုလေးက ဘာဟင်းမှ ချက်မကျွေးဘဲ
နေလိုက်မယ်ဆိုမှ သူက အလကားနေရင်း ငတ်ဦးမည်။

အမေက သူ့ဆိုင်နှင့်သူ အလုပ်ရှုပ်နေတာမို့ အိမ်က မီးဖိုချောင်ကို သိပ် ဝင်နိုင်တာ မဟုတ်။ သူ့ညီမဝမ်းကွဲ မီးမီး ရှိနေလို့ သူ အိမ် ထမင်း၊ဟင်းကို ဖွယ်ဖွယ်ရာရာ စားရတာ ဖြစ်သည်။

အခုလည်း မီးမီး ချက်ထားပေးတာတွေက ကြက်သားအာလူးဟင်း၊ ခရမ်းချဥ်သီးထောင်းနှင့်ရေမုန်ညင်းသုပ်တို့အပြင် ဂျူးပဲပုပ်ကိုလည်း မီးကင်ပြီး ကြက်သွန်နီပါးပါး၊ ဆီရွှဲရွှဲလေးဖြင့် သုပ်ထားပေး၏။

မီးမီးက ဟဲဟိုးမှာနေသည့် အမေ့မောင်ရဲ့သမီး ဆိုပေမယ့် ၇ တန်းကတည်းက သူတို့အိမ်မှာနေရင်း အောင်ပန်းက ကိုယ်ပိုင်ကျောင်းတစ်ခုကို ဆယ်တန်းအောင်သည့်အချိန်အထိ တက်ခဲ့သည်။ အခုတော့ မီးမီးက ရန်ကုန် နည်းပညာ တက္ကသိုလ်မှာ ပထမနှစ် ဖြေထားပြီး ကျောင်းပိတ်ရက်ရှည်ဆို သူတို့အိမ်ကို လာနေတာများသည်။ သူကလည်း အလုပ်ပိတ်ရက်တွေမှ တောင်ကြီးကနေ ပြန်လာတတ်တာမို့ အိမ်မှာ မီးမီးက အမေ့အတွက် အဖော်ရသည့် ကလေးပင်။

"အမယ်...သူ့ဘေဘီလေး ငိုတော့ အလံနီကြီးလည်း ပန်းရောင်တွေသမ်း"

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now