Chapter [ 1 ]

4.2K 500 78
                                    

"Aurora Youth Foundation
1st Anniversary Celebration"

စိုင်းမာန် စတင် တည်ထောင်ခဲ့သော Youth Foundation ရဲ့ နှစ်ပတ်လည်နေ့။

ကိုယ်ပိုင်စီးပွားရေးတစ်ခု အခြေကျတဲ့အချိန်ကျရင် ဒီလိုမျိုး နွမ်းပါးလူငယ်တွေကို ပညာသင်စရိတ်ပြန်လည်ထောက်ပံ့ပေးနိုင်ဖို့က စိုင်းမာန်ရဲ့ရည်မှန်းချက်တွေထဲက တစ်ခု ဖြစ်ခဲ့ပြီး အမှန်တကယ်လည်း အကောင်အထည် ဖော်နိုင်ခဲ့သည်။

ဒီတစ်နှစ်အတွင်းမှာ ကျောင်းသားပေါင်း ထောင်ချီကို ပညာသင်ဆုပေးနိုင်ခဲ့ခြင်းက သူနှင့်အတူ သူ့အသိမိတ်ဆွေ သူငယ်ချင်းတွေရဲ့အား​ပေး ထောက်ပံ့မှုများကြောင့်ပင်။

"စိုင်းမာန်"

"လာ...မော်ကွန်း"

ပွဲမစခင်ကတည်းက စိုင်းမာန်ရှိနေသည့် ခန်းမထဲကို ဝင်လာသူဟာ စိုင်းမာန်ရဲ့ငယ်သူငယ်ချင်း တစ်ဖြစ်လည်း စဝ်မော်ကွန်းတည်ပင်။

မော်ကွန်းက စိုင်းမာန် Foundation ထောင်ချင်ကြောင်း ပထမဆုံး တိုင်ပင်ခဲ့သည့်လူ ဆိုလည်းဟုတ်သည်။

အလယ်တန်းကတည်းက ပေါင်းလာသည့် သူတို့က တစ်နယ်တည်းသား၊ တစ်မြို့တည်းသားတွေ ဖြစ်သလို အခု ကိုယ်စီ စီးပွားရေးလုပ်ငန်းတွေ လုပ်တော့လည်း ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီတွေပင်။

"မင်း အခမ်းအနားကို Indoor မှာ ပြန်ပြောင်းစီစဥ်လိုက်နိုင်တာ တော်သေးတယ်"

မော်ကွန်းက အနက်ရောင် Suit ပေါ်မှာ ထပ်ဝတ်ထားသည့် အညိုရောင် Long coat ကို ချွတ်လိုက်တော့ စိုင်းမာန် ဝန်ထမ်းတစ်ယောက်ကို Coat လာသိမ်းပေးရန် လက်ဟန်ပြလိုက်၏။

"အင်း...မနေ့ကတည်းက မိုးအခြေအနေမဟန်တာနဲ့"

အခမ်းအနား ပြင်ဆင်မှုမှာ ပြည့်စုံမှု ရှိ၊မရှိ စစ်ဆေးပြီးပြီ ဖြစ်လို့ သူ မော်ကွန်းကို နားနေခန်းထဲတွင် နေရာပေးကာ Coffee ပူပူလေး တစ်ခွက် ဖျော် ပေးလိုက်သည်။

"ထိုက်စံရော"

"နိုင်ယံက လေယာဥ်ကွင်းမှာ ဝင်ကြိုပြီး လာခဲ့မယ်တဲ့...Daniel ကတော့ လေယာဥ်နောက်ကျမယ် ပြောတယ်"

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now