Chapter [ 12 ]

2.4K 421 104
                                    

အဆောက်အဦးတစ်ခုရဲ့ထိပ်ဆုံးအထပ် Penthouse ပေါ်တွင် ဖြစ်သည်။

Gym room အလယ်၌ ဆင်ထားသည့် Boxing ကြိုးဝိုင်းထဲဝယ် အပေါ်ပိုင်းဗလာနှင့်အမျိုးသားနှစ်ဦး လက်ဝှေ့ထိုးနေကြ၏။

အရပ်အမောင်းချင်းတူညီသည့် အနှီယောက်ျား နှစ်ယောက်လုံးမှာ ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ် တည်ဆောက်ပုံတွေ ရှိကြပြီး လှုပ်ရှားမှုတွေကလည်း စနစ်ကျကာ လျင်မြန်ဖျတ်လတ်ကြပါ၏။

"မင်း ဒီနေ့ လက်ရည်ကျနေပါလား မော်ကွန်း"

"ဝှစ်"

ညာဘက်ကနေ ဝှိုက်ထိုးလာသည့် မော်ကွန်းရဲ့လက်သီးကို စိုင်းမာန် လှစ်ကနဲ ဝှေ့ရှောင်လိုက်ပေမယ့် စိုင်းမာန်ဘက်က ဖျတ်ခနဲ ပြန်ထိုးသည့် လက်သီးကိုတော့ မော်ကွန်းတစ်ယောက် မကာလိုက်နိုင်ချေ။

"ခွပ်"

နဂိုကတည်းက သူတို့နှစ်ယောက် လက်ဝှေ့ကစားတိုင်း တစ်ယောက်နှင့်တစ်ယောက် ညှာလေ့မရှိတာမို့ မော်ကွန်းရဲ့ဘယ်ဘက်မေးရိုး အတော် နာသွား၏။

"တော်ပြီ...Pro မဆန်လောက်အောင်ကို မင်း အာရုံတွေလွှင့်နေတယ် မော်ကွန်း"

စိုင်းမာန် ပြောပြောဆိုဆိုဖြင့် လက်က အနက်ရောင် Handwrap ကို ပြန်ဖြည်နေတော့ မော်ကွန်းက ကြိုးဝိုင်းထောင့်ကို လျှောက်သွားကာ ရေသန့်ဘူးတစ်ဘူး ကောက်မော့လိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ ပြော"

မော်ကွန်း ချွေးသုတ်ဖို့အတွက် တဘက် တစ်ထည် လှမ်းပစ်ပေးပြီး စိုင်းမာန် ကြိုးဝိုင်းထဲကနေ ထွက်ခဲ့တော့ မော်ကွန်းလည်း နောက်ကနေ လိုက်ဆင်းလာ၏။

"ရော့"

"ကျေးဇူး"

စိုင်းမာန်ပေးသည့် Ice pack ကို မေးရိုးပေါ် အုပ်လိုက်သည့် မော်ကွန်းကို ကြည့်ရတာ အခုထိ စိတ်နှင့်လူ ကပ်သေးပုံ မပေါ်။

"ရီယန့်ကြောင့်လား"

ရီယန်ဆိုတာ မော်ကွန်း ပြောပြလို့သာ စိုင်းမာန် ရင်းနှီးနေတဲ့နာမည်ဖြစ်သော်လည်း အပြင်မှာ တစ်ခါမှ တွေ့ဖူးတာမဟုတ်။

"အင်း...ငါ ဟိုနေ့က သူနဲ့ စကားပြောဖြစ်တယ်"

"ဆိုတော့..."

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now