Chapter [ 13 ]

2K 388 30
                                    

စိုင်းဟန်လျန်းတို့ ရွာငံကနေ မန္တလေးကိုရောက်တော့ ည ၇နာရီ ထိုးပြီ။

ခရီးရှည်ကြီးမို့ Choco ပင်ပန်းမှာစိုးလို့ သူတို့တွေ လမ်းမှာ သုံးခါတောင် နားခဲ့ရတာဖြစ်သည်။

"ဒါ ကိုယ်တို့အိမ်"

"Choco ထကြည့်ဦး...မင်း ဒီမှာ နေရာမှာတဲ့"

လူကုံတန်ရပ်ကွက်ရှိ ခြံဝန်းအကျယ်ကြီးထဲတွင် ကိုထိုက်စံတို့ရဲ့အိမ် အဖြူရောင် ငါးထပ်တိုက်ကြီးက မီးရောင်တွေ ထိန်နေကာ အပြင်ကနေ ကြည့်ရင်တောင် ခမ်းနား၊ ထည်ဝါလှ၏။

"ရွှေရည်ရေ...သားထိုက်ရောက်ပြီ"

စိုင်းဟန်လျန်း တို့ကို ထွက်ကြိုသည့် ဦးလေးကြီးက ကိုထိုက်စံလို အရပ် ထောင်ထောင်မောင်းမောင်းနှင့်ခံ့ညားသည့် ဥပဓိရုပ် ရှိသူမို့ ကြည့်ရတာ ကိုထိုက်စံရဲ့အဖေ ဖြစ်ဟန်တူပါသည်။

"ဟယ်...မျှော်နေတာ ဒီမှာ"

နောက်ထပ် အိမ်ထဲကနေ ထွက်လာသည့် အန်တီကတော့ အသားဖြူဖြူ၊ ဆံပင်တိုတိုနှင့်အိမ်နေရင်း စပန့်ဂါဝန်ရှည် ဝတ်ထားတာတောင် လှပ ကျော့ရှင်းနေ၏။

"မိတ်ဆက်ပေးရဦးမယ်...ဒါ စိုင်းဟန်လျန်းတဲ့...နိုင်ယံ့ညီဝမ်းကွဲ"

"သားဆံပင်က နဂိုကောက်လား"

"ခင်ဗျာ"

"အန်တီက ဆံပင်ကောက်ကောက်လေးတွေဆို တအားသဘောကျလို့"

"ဟုတ်...နဂိုကောက်ပါဗျ"

"အိုက်ဂူး...ချစ်စရာလေး"

"မိတ်ဆက်လိုက်ပါဦး ရွှေရည်ရဲ့"

"ဟုတ်သားပဲ...အန်တီက ထိုက်စံရဲ့အမေ ဒေါ်ရွှေရည်ပါ...ဒါက အန်တီ့အမျိုးသား ဦးမြတ်စံတဲ့...ထိုက်စံရဲ့ အဖေပေါ့လေ"

"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ဗျ"

"Choco ဆိုတာ သူလေးမလား...အန်တီ ချီကြည့်ချင်တယ်"

အန်တီရွှေရည်က ခွေးချစ်ပုံ ပေါ်တာမို့ စိုင်းဟန်လျန်း သူ့ရင်ခွင်ထဲက Choco လေးကို အန်တီ့လက်ထဲ စိတ်ချလက်ချ လွှဲပေးလိုက်ပါသည်။

"ကျွန်တော် ပြင်ခိုင်းထားတာတွေရော အဆင်သင့်ပဲလား"

"သားထိုက် ခွေးခေါ်လာမယ်ဆိုပြီး ဖုန်းဆက်ကတည်းက အမေ ကိုယ်တိုင် လိုတာတွေ သွားဝယ်တာလေ...လမ်းထိပ်က Vet clinic မှာတောင် တိကုနဲ့ဝင်တွေ့ခဲ့ပြီးပြီ"

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now