Chapter [ 6 ]

2.4K 418 69
                                    

"တီ တီ တီ"

မနက် ၅ နာရီအတိ Alarm သံ မြည်တာနဲ့ စိုင်းမာန်တစ်ယောက် အိပ်ရာမှ ထလေ့ရှိသည်။ ဒါက သူ အထက်တန်းကျောင်းသားဘဝကတည်းက လုပ်ခဲ့သော မနက်ခင်း အလေ့အကျင့်တစ်ခု။

Nightstand ပေါ်က နှိုးစက်နာရီကို ပိတ်ပြီး သူ အရင်ဆုံး လုပ်တာကတော့ အိပ်ရာကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်သိမ်းခြင်းပင်။

ထို့နောက် ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်၊ကိုယ်လက်သန့်စင်ပြီး ပြန်ထွက်လာရင် ရေသန့် တစ်ခွက် ပြည့်ပြည့်ဝဝ သောက်သည်။

သူ့အိပ်ခန်းနှင့်ကပ်ရပ်တွင် နေရောင်ကောင်းကောင်းရပြီး လေဝင်လေထွက်ကောင်းသည့် သီးသန့်အခန်း တစ်ခန်း ဖွဲ့ထားတာမို့ မနက် ၅နာရီခွဲတိုင်း သူက ထိုအခန်းထဲတွင် မိနစ် ၂၀ခန့် Meditation လုပ်လေ့ရှိ၏။

ထိုကဲ့သို့ တရားထိုင်ခြင်း အကျင့်ကိုလည်း စိုင်းမာန် လူငယ်ဘဝကတည်းက တစိုက်မတ်မတ် လုပ်လာခဲ့တာဖြစ်ပြီး အကျိုးရလဒ်အနေနဲ့ကတော့ စိတ်ကြည်လင်​ လန်းဆန်းစေခြင်း၊ အာရုံစူးစိုက်မှု ပိုကောင်းလာစေခြင်းနှင့်ကိုယ့်ရဲ့တစ်နေ့တာကို အားအင်ပြည့်ဝစွာ စတင်နိုင်ခြင်းတို့ပင်။

၆နာရီ ထိုးပြီဆိုရင်တော့ စိုင်းမာန်တစ်ယောက် Gym room ထဲတွင် ပေါ့ပေါ့ပါးပါး အဝတ်တစ်စုံဖြင့် Workout လုပ်ပြီး

၆နာရီခွဲချိန်တွင်မူ အမေ ချက်ပေးသည့် မနက်စာ သို့မဟုတ် ကိုယ်ကိုယ်တိုင်
ပြင်ဆင်သည့် မနက်စာကို အာဟာရ မျှမျှတတစားပါသည်။

၇နာရီ ထိုးခါမှ သူ အိမ်ပေါ်ကို ပြန်တက်လာပြီး အစောက မနက်စာ စားထားသည့် အတွက် သွားတိုက်၏။ ထို့နောက် ရုံးတက်ရင် ဝတ်ဖို့အတွက် အဝတ်တစ်စုံကို အဆင်သင့် ထုတ်ထားသည်။

ဒီနေ့ လုပ်ရမည့် အလုပ်တွေကို အစီအစဥ်တကျ အချိန်ဇယား ပြန်ချပြီးရင်တော့ ရေချိုး၊ အဝတ်အစားလဲဖြင့် Company ကို သွားဖို့ ပြင်ဆင်၏။

၈နာရီ ခွဲတာနဲ့ စိုင်းမာန် အိမ်ကထွက်ကာ ၉နာရီမထိုးခင်မှာ Company ကို ရောက်ပြီး တစ်နေကုန် အလုပ်ထဲမှာပဲ စိတ်နှစ်ထားလေ့ရှိသည်။

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now