~အသက်နှင့်ရင်း၍~
အပိုင်း(၂)
ရန်ကုန်မြို့ရှိနာမည်ကြီးHotelတစ်ခုတွင်ခမ်းနားကြီးကျယ်လှသောလက်ထပ်ပွဲတစ်ခုကျင်းပလျှက်ရှိနေသည် ထိုပွဲသို့ကြွရောက်သောလူများမှာ နာမည်ကြီးCompanyပိုင်ရှင်များ၊ဆရာဝန်များနှင့်နယ်စုံဘက်စုံကအသီးသီးတက်ရောက်လျှက်ရှိသည်
ထိုချိန်ကော်ဇောနီနီထက်ကြွေရုပ်လေးပမာလှပနေတဲ့ရွှေဝါရောင်ထိုင်မသိမ်းဝတ်စုံလေးကိုဆင်မြန်းထားတဲ့သတိုးသမီးလေးနဲ့မင်းသားကအရှုံးပေးရလောက်တဲ့သတိုးသားတို့ကြောင့်လူအများကစိတ်ဝင်တစားစွာဖြင့်ကြည့်နေကြသည်
ရှေး လူကြားထဲမှာဖြတ်လျှောက်နေရတာမို့ချွေးလေးတွေပြန်နေသည်
"ကျုပ်လက်ကိုကိုင်ထားတာလျှော့ပါအုန်းဆရာဝန်မကြီးရဲ့"
"သတိုးသားလက်ကိုသွားမကိုင်လို့ရှေးကဘယ်သူ့လက်ကိုသွားကိုင်ရမလဲ"
"လူလေးကြည့်တော့အေးမလိုနဲ့စွာသားပဲ ဟွန်း တွေ့ပြီပေါ့"
ထို့နောက်ရှေးနဲ့စက်လည်းသူတို့ရှေ့တည့်တည့်က
မောင်မင်းရက်စက်+မရှေးရေစက်
တို့၏စုလျားရစ်ပတ်ထိမ်းမြှားမင်္ဂလာ
စာတန်းအားတွေ့ရလိုက်တော့နှစ်ယောက်သားကျောလေးတွေတွန့်သွားရသည်စင်ပေါ်သို့တက်လာခဲ့ပြီးလူကြီးတွေပြောသမျှခေါင်းငြိမ့်နားထောင်နေကြသည် လက်စွပ်တွေလဲလည်ပြီးတဲ့နောက်မိဘဆွေမျိုးတွေမှဆုတောင်းပေးကြသည်
"ဒီလင်ဒီမယားအိုအောင်မင်းအောင်ပေါင်းဖက်ကြရပါစေ အခက်အခဲမှန်သမျှကျော်လွှားနိုင်ပြီးသာယာတဲ့မိသားစုဘဝလေးပိုင်ဆိုင်ကြပါစေ"
"ဒီဆုတောင်းတွေကပြည့်မှာမဟုတ်ဘူးအိုမင်းတဲ့ထိမပေါင်းနိုင်ဘူးကွဲမှာပဲ"
ဒေါ်ရှေးရင့်လည်းဆုမွန်တောင်းပေးနေတုန်းသားမက်ဖြစ်သူစကားကြောင့်လန့်သွားပြီးမျက်နှာကိုကြည့်လိုက်တော့ ခက်ထန်နေသည်
ရှေး လည်း ထိုလူစကားကြောင့်မာမီကိုကြည့်လိုက်တော့အံသြမှုတွေနဲ့အတူဝမ်းနည်းရိပ်တွေကိုတွေ့နေရသည် ဒါလေမာမီတို့ရွေးချယ်ပေးတဲ့ရွေးချယ်မှု
YOU ARE READING
~အသက်နှင့်ရင်း၍~
Romance"ခင်ဗျား ကျုပ်ကိုကွာရှင်းပေးပါဒေါ်ရှေးသစ္စာ..." "ဟင့်အင်း ရှေးမောင့်ကိုချစ်တယ်၊မကွာရှင်းပေးနိုင်ဘူး၊ရှေးအသက်နှင့်ခန္ဓာမရှိမှသာမောင့်ကိုရှေးလက်လွှတ်နိုင်မယ်..." စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။စာစရေးခါရေးထားတဲ့Ficတစ်ပုဒ်ဖြစ်ပါသည်။အလောင်ဘက်သွားပြ...